#အပိုင်းကများများတင်ပေးချင်ပေမဲ့ ချမ်းကလေ ဇာတ်ကြောင်းကိုသာစဉ်းစားထားတာ အသေအချာ စကားပြောဘာညာကျ တင်မယ်ဆိုမှအသေးစိတ်ရေးတော့ အပိုင်းသစ်တင်မယ်ဆို စဉ်းစားရသေးတယ် အဲ့ကြောင့် နှစ်ရက် သုံးရက်နေမှတစ်ပိုင်းတင်နိုင်တာ။ ဒီထက်များများတင်နိုင်အောင်လည်း ကြိုးစားပါ့မယ်နော်။အားပေးကြတဲ့သူတစ်ယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ အများကြီး တင်နိုင်အောင် motiလေးတွေလည်း ပေးခဲ့လို့ရတယ်နော်😘😘😘
ရွှန်းနဲ့ နေမင်း ချစ်သူဖြစ်တာ တစ်ပတ်ရှိသွားပြီ။ဒီတစ်ပတ်အတွင်း ထူးထူးခြားခြား ပြောင်းလဲတာဆိုလို့ နေ့လည်စာအတူစားကြတာရယ် ညတိုင်းဖုန်းပြောဖြစ်တာရယ်ပဲ
နေ့လည်စာစားတာကလည်း သူငယ်ချင်းတွေနဲ့ရောပါ ဖုန်းပြောတော့လည်း ခနပါပဲ လူချင်းတွေ့ရတာက နေ့လည်စာစားချိန်ပဲရှိတာ
အဲ့ကြောင့် မနက်ဖြန် weekend ဆိုတော့ dateဖြစ်အောင်dateရမယ်...Ring...ring..ring..
"ဟယ်လို အကို "
"ရွှန်း စာကျက်ပြီးပြီပေါ့ "
"ဟုတ် အခုပဲ အကို့ဆီဆက်တော့မလို့ ပြီးသွားပြီ အကိုရောကျက်ပြီးပြီလား"
"အင်း ကျက်ပြီးပြီပဲထားပါတော့ မနက်ဖြန်dateရအောင်လေ ရွှန်း "
"Dateလား မိုးအေးမနက်ပိုင်းတော့ သွားစရာရှိတယ် အဲ့တာပြီးမှအားမှာ"
"ဟုတ်လား အဲဆို နေလည်ပိုင်းရုပ်ရှင်သွားကြည့်ရအောင်လေ ဒါနဲ့မနက်ပိုင်းကဘယ်သွားရမှာမို့လို့လဲ "
"မောင့်ကို သွားတွေ့ရမှာ သူမှာတာတွေပေးရင်း အဲ့တာ မေမေက မိုးအေးကိုသွားခိုင်းထားတာ"
"အဲ့ဆို ကိုယ်နဲ့တူတူသွားမယ်လေ အဲ့ကအပြန်တစ်ခါတည်း ရုပ်ရှင်ဝင်ကြည့်မယ်လေ "
"အကိုအဆင်ပြေတယ်ဆို ရတယ်လေ မနက်ကျ ၁၀နာရီတွေ့ရမှာဆိုတော့ ၉ခွဲလောက်လာခေါ်လိုက်ပေါ့ "
"ဟုတ်ပါပြီဗျာ ကျောင်းမှာရော အဆင်ပြေတယ်မလား"
"အကုန်ပြေတယ် အကိုရော ဆေးရုံမှာ အဆူခံရသေးလား "
YOU ARE READING
မင်းနဲ့မှ
Randomဆေးကျောင်း Kingတွေထဲမှာ အချောဆုံး တတိယနှစ်ရဲ့ King \သူ့ကိုကြိုက်လို့လာအရောဝင်တဲ့ကောင်မလေးတွေကို ရှုပ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြချေနေသူ 'နေမင်းထွဋ်ခေါင်' ဝဝပုပု ဝတယ်ဆိုပေမဲ့ ပုံပျက်နေအောင်ဝတာမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ cute type...