ဟိုနေ့က ကိုနေမင်းထွဋ်ခေါင်လာတောင်းပန်ပြီး ခင်ခင်မင်နေကြရအောင်လို့ပြောပြီးကတည်းက အကိုနဲ့မိုးအေးနဲ့ လိုင်းပေါ်မှာစကားပြောဖြစ်ကြတယ်။ကိုသက်တန့်နဲ့လည်းနဲနဲပါးပါးပြောဖြစ်တယ်။အခု အကိုက မနက်ဖြန် Test 1ဖြေတာနောက်ဆုံးနေ့ဆိုတော့ စာမေးပွဲပြီးရင် မုန့်သွားစားကြရအောင်တဲ့ သူရယ်ကိုသက်တန့်ရယ် မိုးအေးသူငယ်ချင်းတွေရယ်တဲ့ သူကျွေးမှာပါတဲ့ မိုးအေးလည်းသူငယ်ချင်းတွေကိုမေးလိုက်အုံးမယ်လို့ပြောလိုက်တယ်။
အဲ့တာနဲ့ group chatထဲဝင်ပြီး
[ဟိုဟာလေ မနက်ဖြန် စာမေးပွဲပြီးရင် ကိုနေမင်းထွဋ်ခေါင်က မုန့်လိုက်ကျွေးမလို့တဲ့ နင်တို့တွေနဲ့လည်း မိတ်ဖြစ်ဆွေဖြစ်ပေါ့တဲ့ အဲ့တာနင်တို့ဘယ်လိုသဘောရလဲ]
လိုင်းပေါ်အမြဲတမ်းနီးပါးရှိနေတဲ့စုပြည့်မှ
[ဟဲ့တကယ်လား Kingကြီးက မုန့်လိုက်ကျွေးမလို့တဲ့လား ငါကတော့Okပဲ][ပန်း နင်ရော]
[ငါတို့ မိန်းကလေးတွေချည်းပဲတော့မသွားချင်ပါဘူး]
မိုးအေးလည်းအစကတည်းက အဲ့လိုတွေးမိလို့ ရှိုင်းကို ခေါ်ရင်ကောင်းမလားလို့စဉ်းစားနေမိတာနဲ့အတော်ပဲ
[ရှိုင်းကိုပါ ခေါ်ခဲ့မယ်လေ သူကအခုလိုင်းပေါ်မရှိဘူးဆိုတော့ ငါဖုန်းဆက်ပြောလိုက်မယ်]
[အင်းအဲ့ဆိုရင်တော့ မဆိုးပါဘူး ရှိုင်းပါမယ်ဆိုရင်တော့ okပေါ့]
[အေး အဲ့ဆိုငါရှိုင်းဆီဖုန်းဆက်လိုက်အုံးမယ်]
Ring...ring...ring..
ရှိုင်း ဖုန်းလာတာနဲ့ ကြည့်လိုက်တော့ မိုးအေးဆီကပဲ သူစာမေးပွဲဖြေနေရတာမို့ ဒီရက်ပိုင်းသူ့ဆီဖုန်းဆက်ချင်တာကို ထိန်းနေခဲ့ရတာ အခုသူ့ဘက်ကစဆက်တာဆိုတော့ ပျော်လိုက်တာ။ဟမ် နေပါအုံး ကိစ္စတစ်ခုခုရှိလို့ဆက်တာလည်းဖြစ်ချင်ဖြစ်နေမှာ အရမ်းဝမ်းသာနေလို့မဖြစ်သေးဘူး.."ဟယ်လို "
"အေး ရှိုင်း နင်လည်းနော် ဒီတစ်သက် ဖုန်းကိုင်သေးလို့ပဲ ဘာတွေများလုပ်နေလို့လဲ"
ရှိုင်းကိုယ့်ဘာသာကိုတွေးနေတာနဲ့ ဖုန်းကိုင်တာနောက်ကျသွားလို့ ဒေါ်ရွှန်းမိုးအေးတို့ ဟောက်နေတာ
أنت تقرأ
မင်းနဲ့မှ
عشوائيဆေးကျောင်း Kingတွေထဲမှာ အချောဆုံး တတိယနှစ်ရဲ့ King \သူ့ကိုကြိုက်လို့လာအရောဝင်တဲ့ကောင်မလေးတွေကို ရှုပ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြချေနေသူ 'နေမင်းထွဋ်ခေါင်' ဝဝပုပု ဝတယ်ဆိုပေမဲ့ ပုံပျက်နေအောင်ဝတာမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ cute type...