အပိုင်း(၁၃) both unicode and zawgyi

8.2K 270 2
                                    

နေမင်း မနက်က ကိစ္စကို ရွှန်းမိုးအေးအား ညကတည်းက လိုင်းပေါ်ကနေတောင်းပန်ချင်ပေမဲ့ အလေးမထားရာရောက်မည်စိုး၍ မနက်ဖြန်ကျောင်းကျမှသာ လူချင်းတွေ့ပြီးတောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။
မနက်ကျောင်းရောက်တော့ နေမင်း မေ့နေတာက သူတို့နဲ့နေမင်းတို့က ကျောင်းတက်ချိန်မတူပေ။ဆင်းချိန်သာတူ၏။
ဟူးး....ညနေကျမှပဲ သူဆိုင်ကယ်ထားတဲ့နားကစောင့်ပြီးတောင်းပန်ရတော့မယ်..

မိုးအေး မနေ့က ဟိုနေမင်းထွဋ်ခေါင်ဆိုတဲ့ ဘိုးတော် ဘလိုင်းကြီးလာဟောက်သွားတာကို မကျေနပ်နိုင်သေးပေ။သူများဆိုင်ရှေ့ကြီးမှာ လူတွေလည်းရှိနေတာကို မိုးအေးကို လာဟောက်သွားတာ ဘယ်လိုလူလဲကိုမသိဘူး...။ဒါနဲ့ မနေ့က သူကအဲ့ဆိုင်ထဲကထွက်လာတာ ပြီးတော့ကိုသက်တန့်ကလည်းနောက်မှဆိုင်ထဲကထွက်လာတာဆိုတော့ အော်သူတို့ချစ်သူနှစ်ယောက် shopping လာတာနေမှာ။

အဲ့ဆိုနေပါအုံး မနေ့ကသူကျ စာမေးပွဲနီးနေတာကို သူ့ကောင်လေးနဲ့လာတာပဲကို ငါ့ကျ စာမေးပွဲနီးနေတာကိုဘာညာနဲ့လာဟောက်ပြီးသူကျတော့ရတယ်ပေါ့ ။ဟွန့်တကယ်ဆို သူကမှကောင်လေးနဲ့လာတာ ငါက ငါ့မောင်လေးလိုတာတွေလိုက်ဝယ်ပေးတာကို ။
အား...တွေးရင်းတွေးရင်း ပိုဒေါသထွက်လာပြီ။

"အားတကယ်ပဲ "

မိုးအေး အတန်းထဲမှာထိုင်တွေးနေရင်း မနေ့ကဟာကို တွေးနေမိခြင်းပင်။

စုပြည့်မှ

"မိုးအေးရယ် နင်ခုနကတည်းက ဘာတွေတွေးနေတာလဲ ပါးစပ်ကလည်းပွစိပွစိနဲ့ မျက်နှာကလည်း ရှုံ့မဲ့နေတာပဲ"

ပန်းကလည်း

"အေးဟုတ်တယ် ငါလည်းခုနကတည်းကကြည့်နေတာ နင်ဘာဖြစ်နေတာလဲ"

မိုးအေးလည်း သူတို့နှစ်ယောက်ကိုပြောပြရန်ပြင်လိုက်၏။

"ဒီလိုဟာ"

အစပဲချီရသေး မျက်လုံးနှစ်လုံးကိုပြူးနေအောင်ကြည့်ပြီးနားထောင်နေတဲ့နှစ်ယောက်ကိုကြည့်ကာစချင်လာ၍

"နင်တို့ကလည်းနော် သိပ်မသိချင်ရှာကြဘူး မျက်လုံးကြီးကို ပြူးပြီးနားထောင်နေလိုက်ကြတာ"

မင်းနဲ့မှNơi câu chuyện tồn tại. Hãy khám phá bây giờ