မနေ့က ကစားကွင်းမှာဆော့ရတာ ပင်ပန်းပြီးညကအစောကြီး အိပ်ပျော်သွားတာ အိပ်လို့ကောင်းနေရောပဲ။ဒါနဲ့ အခုဘယ်ချိန်ပါလိမ့်။
မိုးအေး မျက်လုံးကိုအသာဖွင့်၍ နာရီကိုကြည့်လိုက်ရာ ၈နာရီဆို၍ မျက်လုံးပင်ပြူးသွား၍ထ ထိုင်မိသည်။"ဟိုက်ရား ကျောင်းနောက်ကျပြီ။ဒုက္ခပါပဲနော်"
ဒါနဲ့အမြန်ရေချိုးအဝတ်အစားလဲရသည်။ပြီးတော့ ၈ခွဲနေပြီလေ မနက်စာစားဖို့အချိန်မရတော့ပေ။"မေမေရေ သမီး မနက်စာမစာစတော့ဘူးနော် နောက်ကျနေလို့"
"အော်အေး သမီး ဆိုင်ကယ်ဖြေးဖြေးစီးသွားအုံးနော် ။ တစ်ခါတစ်လေ နောက်ကျတာတော့ဘာမှမဖြစ်ပါဘူး"
"ဟုတ်မေမေ"
ကျောင်းရောက်တော့၉နာရီထိုးဖို့ ၁၀မိနစ်အလို ။ဟူး.. နေ့လည်ကျမှ နေ့လည်စာနဲ့ပေါင်းစားရတော့မှာပဲ အချိန်ကမရှိတော့ဘူး ပထမဆုံးအချိန် ပါမောက္ခ က အချိန်တိကျတဲ့သူဆိုတော့
စာသင်နေရင်း ဗိုက်ဆာလိုက်တာမှပြောမနေပါနဲ့။ နောက်ဆုံးတော့ နေ့လည်စာစားချိန်ရောက်ခဲ့ပြီ။ ဗိုက်ဆာနေလို့ စာသိပ်မကြည့်ချင်ပါဘူးဆိုမှ သင်လိုက်ကြတာကို မနည်းလိုက်ကြည့်ရတယ်။
ဒီနေ့တော့ခါတိုင်းလိုသုံးယောက်ပေါင်းဝယ်မစားတော့ပဲ မိုးအေးတစ်ယောက်တည်း မာလာရှမ်းကော တစ်ပွဲနဲ့ Bubble tea ဝယ်စားလိုက်တယ်။ မိုးအေးတို့က ပါဆယ်ဝယ်ပြီး အမြဲကျောင်းထဲမှာပဲစားနေကြလေ။ မာလာရှမ်းကော ကလည်း စပ်လိုက်တာကို နှုတ်ခမ်းတွေကိုပူထူပြီး ချွေးတွေထွက်လာလို့ အရှေ့ဆံပင်ကို ထိပ်မှာစည်းထားရတယ်။အဲ့တာကိုဘေးက ဟိုနှစ်ကောင်က ကြည့်ပြီးရယ်လို့မပြီးနိုင်ကြဘူး။
နေမင်းတို့ Third MBက ဒီနေ့ကျမှ Lunchဆင်းတာ ၁၅မိနစ်နောက်ကျနေ၍ နေ့လည်စာသွားစားရန် အမြန်လျှောက်လာစဉ် ကျောင်းဝင်းထဲမှာ ထမင်းစားနေတဲ့သူတွေထဲမှ ကောင်မလေးတစ်ယောက် ထိပ်ကဆံပင်ကိုစည်းထားပြီး ဘာတွေစားနေလဲတော့မသိဘူး ရှူးရှူးရှဲရှဲနဲ့ လက်ထဲမှာလည်း ဘူးကို ကိုင်သောက်လိုက်နဲ့ သူကြည့်၍ ဗိုက်ဆာချင်သလိုတောင်ရှိလာသည်။ ဒါနဲ့ အဲ့တာရွှန်းမိုးအေးပဲ။
သူဆိုတာသိလိုက်တော့ သက်တန့်နဲ့ယှဉ်လျှောက်နေရင်းမှ ရပ်ကြည့်နေမိသည်။ထိပ်ကစည်းထားပြီးစားနေတဲ့ပုံလေးကချစ်စရာလေး။ပြီးတော့တော်တော်စပ်နေပုံ ရတယ် နှုတ်ခမ်းလေးကိုရဲလို့။သူစားနေတဲ့ပုံလေးကိုကြည့်ပြီး ကိုယ်တောင်မသိလိုက်ပဲ ပြုံးနေမိသည် ။
![](https://img.wattpad.com/cover/275720330-288-k368045.jpg)
YOU ARE READING
မင်းနဲ့မှ
Randomဆေးကျောင်း Kingတွေထဲမှာ အချောဆုံး တတိယနှစ်ရဲ့ King \သူ့ကိုကြိုက်လို့လာအရောဝင်တဲ့ကောင်မလေးတွေကို ရှုပ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြချေနေသူ 'နေမင်းထွဋ်ခေါင်' ဝဝပုပု ဝတယ်ဆိုပေမဲ့ ပုံပျက်နေအောင်ဝတာမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ cute type...