#ကဲ အပိုင်း၃ upပါပြီ။အားပေးကြပါအုံးနော်။ဖတ်ကြည့်လို့ကြိုက်တယ်ဆိုရင် voteလေးတွေလည်းပေးလို့ရပါတယ်နော်။ ဖတ်ရတာရောအဆင်ပြေကြရဲ့လားရှင့်။ လိုအပ်တာလေးတွေရှိပေမဲ့လည်းဖတ်ပေးကြတဲ့သူတစ်ဉီးတစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်နော်
နေ့လည်ကျောင်းကပြန်ရောက်ကတည်းက မေမေခိုင်းတာတွေလုပ်ပေးနေရတာနဲ့ 'နေမင်း'တစ်ယောက် ညစာစားပြီးအပေါ်တက်မှပဲနားရတော့တယ်။
"တစ်နေကုန် အခုမှပဲအားတယ် ဂိမ်းဆော့လိုက်အုံးမယ်ကွာ"
'Ho-how you like that?
You gon' like that, that-that-that-that, that-that-that-that'"ဟာကွာ ဂိမ်းဆော့ပါမယ်ဆိုမှ ဖုန်းကလာပြီ ဘယ်သူပါလိမ့်။ 'သက်တန့်'ပဲ။မင်း ငါ့ကိုနေ့လည်က ကူညီထားတဲ့ မျက်နှာနဲ့မို့ ဖုန်းကိုင်လိုက်မယ်"
"အေးပြော ဘာကိစ္စလဲ "
"နေမင်းရေ ငါကိုလင်းအိမ်သွားပြီး သူ့ကိုသွားရှင်းပြပြီးချော့မလို့ အဲ့တာမင်းနဲ့ပတ်သက်ပြီးစိတ်ဆိုးတာဆိုတော့ မင်းပါလိုက်ပြီးရှင်းပြပေးပါလားကွာ"
"ဟျောင့် ငါအခုမှနားပြီးဂိမ်းဆော့မလို့ အပြင်ပြန်မထွက်ချင်တော့ဘူးကွာ"
"မင်းကလည်း ငါလာခေါ်ပေးမယ်လေ။ပြီးတော့ နေ့လည်က ဟိုကောင်မလေးရှေ့မှာ ငါမင်းကိုကူညီပေးထားပဲကို အဲ့တော့မင်းလည်းငါ့ကိုပြန်ကူညီပါကွာ"
"အေးအေး လိုက်ခဲ့မယ်"
ဒီလိုနဲ့ 'သက်တန့်'ရဲ့လူ 'ဉက္ကာလင်း'အိမ်ရောက်၍ 'နေမင်း'နဲ့ 'သက်တန့်'က အခင်ဆုံးသူငယ်ချင်းတွေသာဖြစ်ပြီး အထင်မလွဲဖို့နဲ့ မေန့ကဖုန်းပြောတာကလည်း ကျောင်းဖွင့်မဲ့အကြောင်းတွေပြောနေလို့ကြာတာဖြစ်ကြောင်း 'နေမင်း'ကိုယ်တိုင်ကြားဝင်ဖြေရှင်းပေးရာ ပြေလည်သွားကြသည်။
ပြေလည်သွား၍ 'ကိုဉက္ကာလင်း'မှအိမ်တိုင်ရာရောက် လာရောက်ကြားဝင်ဖြေရှင်းပေးတဲ့ 'နေမင်း'အား အားနာကာ
" 'ဇွဲလေး'ကလည်း ကိုယ့်ကိုရှင်းပြဖို့ 'နေမင်း'ကို အိမ်ထိပါခေါ်လာတာ အားနာဖို့ကောင်းလိုက်တာ"
ŞİMDİ OKUDUĞUN
မင်းနဲ့မှ
Rastgeleဆေးကျောင်း Kingတွေထဲမှာ အချောဆုံး တတိယနှစ်ရဲ့ King \သူ့ကိုကြိုက်လို့လာအရောဝင်တဲ့ကောင်မလေးတွေကို ရှုပ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြချေနေသူ 'နေမင်းထွဋ်ခေါင်' ဝဝပုပု ဝတယ်ဆိုပေမဲ့ ပုံပျက်နေအောင်ဝတာမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ cute type...