အပိုင်း(၁၉)both unicode and zawgyi

6.5K 222 4
                                    

"ရှိုင်း နင်လည်းနော် လေပေါလိုက်တာ ဖေဖေနဲ့ပြောနေကြတာမပြီးနိုင်ဘူး"

"အော် အဲ့တာလား ဉီးလေးနဲ့နင့်အတင်းတုတ်ပြီး ရီနေကြတာလေ"

"အောင်မယ် ငါ့အတင်းတုတ်တယ် ဟုတ်လား
ဖေဖေ့ကို ငါ့ကြောင်းမဟုတ်တာတွေလျှောက်ပြောလို့ကတော့ နင်ငါနဲ့တွေ့မယ် ငရှိုင်း"

"ကြောက်လိုက်တာဗျာ မပြောရဲပါဘူး မမကိုကြောက်လွန်းလို့ ဟားဟားဟား"

"နင် တော်တော်ရွနေတာပဲ ငရှိုင်း ကားသာသေချာမောင်းစမ်းပါ "

"ဟုတ်ကဲ့ မမ"

" အေး နင်လုပ်နေလိုက် ငါမဆဲချင်လို့နော် ငရှိုင်း"

"ဟုတ်ပါပြီ ဒေါ်မိုးအေးရယ် ဒါနဲ့ နင် ဟိုဘဲနဲ့က ပြန်အဆက်ပြေသွားပြီလား ခုနက စကားတွေပြောနေတာ"

"အေး သူလိမ်ခဲ့တာ သူ့အကြောင်းနဲ့သူဟ အဲ့တော့ ငါနားလည်ပေးလို့ရပါတယ်"

"အော် အင်း အဆင်ပြေတော့လည်း ကောင်းပါတယ် ဒါပေမဲ့ သိပ်တော့မရောနဲ့နော် အခုမှသိတဲ့သူဆိုတော့"

"အောင်မယ် ပြောနေတဲ့ပုံက မသိရင် ငါ့အုပ်ထိန်းသူကျနေတာပဲ ဟုတ်ကဲ့ပါအဖေရယ်"

"ဟားဟား ငါ့သမီးက လိမ်မာလိုက်တာ အဖေ့စကားတစ်ခွန်းပဲ ဒါနဲ့ ဆိုင်ကယ်ရပြီလား"

"မရသေးဘူး နဲနဲကြာအုံးမယ် ပြောတယ် "

"အော်အေး အဲ့ဆို ကျောင်းဆင်းရင် ငါပဲလာကြိုပေးမယ်လေ ဉီးလေးကညနေပိုင်းဆိုမအားဘူးမလား"

"အေး ဒါပေမဲ့ ရပါတယ် နင်သက်သက်ကြီး ငါတို့ကျောင်းဘက်ထိလာနေရမှာပေါ့"

"ရပါတယ် ခါတိုင်းလည်းလာနေကြပဲကို အဲ့ဆိုငါလာကြိုပေးမယ်နော်"

"အဲ့ဆိုလည်း okလေ"

ဒီလိုနဲ့ပဲ လေပေါရင်း အိမ်ကိုပြန်ရောက်လာခဲ့တယ်။ အိမ်ရောက်တော့ ရှိုင်းကို နှုတ်ဆက်ပြီး သူလာပေးသွားတဲ့ မုန့်ဟင်းခါးကို ညနေစာအဖြစ်စားပြီး  ဖုန်းသုံးနေလိုက်သည်။ ဖေဖေနဲ့မေမေကတော့ မိုးအေးညနေစာစားပြီးခနနေတော့ ပြန်လာကြတယ် သူတို့ကတော့ဆိုင်ကပဲစားခဲ့ကြတာ ညနေစာဆိုရင်။အခု သူတို့လည်း TVကြည့်ရင်းနားနေကြပြီ။

မင်းနဲ့မှWhere stories live. Discover now