အပိုင်း(၂၀) both unicode and zawgyi

6.7K 209 0
                                    

#ကဲ အပိုင်းသစ်လေးလာပါပြီနော်။မျှော်နေကြတဲ့သူလေးတွေအတွက် တင်ပေးလိုက်ပါပြီရှင်။
လိုအပ်ချက်တွေရှိပေးမယ့်လည်း အားပေးကြတဲ့တစ်ဉီးတစ်ယောက်ချင်းဆီကို တကယ်ကျေးဇူးတင်ပါတယ်နော်😘😘

နေမင်း တကယ်က အခုလိုကြီး အလျင်အမြန်ပြောလိုက်ဖို့ မရည်ရွယ်ပါဘူး။ဆိုင်တစ်ဆိုင်မှာ ချိန်းပြီးမှ သေချာကျကျနနပြောဖို့လုပ်ထားတာ

ဒါပေမဲ့ ရွှန်းက သူ့ကို ဟိုကောင်လာကြိုမှာလို့ပြောကတည်းက စိတ်ထဲမှာ အဆင်မပြေတော့တာ အဲ့တာကို ဟိုကောင်ဆီကဖုန်းလာလိုက်ပြီး အဲ့ကောင်ကသူ့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်တယ် ရွှန်းကလည်းလိုက်မယ်ဆိုတော့ နေမင်းစိတ်ထဲ ရွှန်းကိုဆုံးရှုံးရမှာကြောက်ပြီး ဘယ်လိုမှထိန်းချုပ်ထားလို့မရတော့ပဲ ဒီလိုဖွင့်ပြောလိုက်မိတာ။

"အကို လာနောက်နေတာလား အတည်ပေါက်ကြီးနဲ့ အကိုရယ် လန့်သွားတာပဲ"

"ကိုယ်နောက်နေတာမဟုတ်ဘူး ရွှန်းကိုယ်တကယ်ပြောနေတာ ကိုယ်ရွှန်းကိုတကယ်ချစ်တာ ကိုယ့်ကိုစဉ်းစားပေးပါ ကိုယ်ရွှန်းကိုအချိန်နှစ်ရက်ပေးမယ်"

"ဟမ် စဉ်းစားပေးရမယ် အချိန်နှစ်ရက်ပေးမယ်ဟုတ်လား တကယ်အတည်ကြီး ဖွင့်ပြောနေတာလား"

"အော် ရွှန်းရယ် ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လားမေးနေသေးတယ် တကယ်ဖွင့်​ပြောတာ ကိုယ့်ကိုတကယ်စဉ်းစားပေး နှစ်ရက်ပြည့်လို့မှ အဖြေမရရင် ကိုယ်ဘာလုပ်မိမလဲမသိဘူး ကားတင်ပြေးချင်ပြေးပစ်မှာ
ပြီးတော့ဒီနှစ်ရက်အတွင်းမှာ ဆိုင်ကယ်မရသေးရင်လည်း ကိုယ်ပဲလိုက်ပို့မယ် ဆေးရုံကပြီးတာနဲ့ကျောင်းကိုပြန်ဝင်ခေါ်မယ် အဖြေရဖို့အတွက်ဆွဲဆောင်ရင်းပေါ့"

"ဟာ အကိုကလည်း စဉ်းလည်းစဉ်းစားခိုင်းသေး အဖြေမပေးရင်ဆိုပြီး လာချိန်းခြောက်နေတယ် ဘယ်လိုလူလဲမသိဘူး ပေးဖုန်း သွားပြီ "

ရှက်ရမ်း ရမ်းပြီးထွက်သွားတာ ပါးလေးတွေလည်းရဲလို့ တကယ်ချစ်စရာလေး ။ရွှန်းကလှလားလို့မေးခဲ့ရင် လှတယ်လို့တော့မဟုတ်ပါ

ဒါပေမဲ့ ဘယ်လိုနေနေသူဟာသူချစ်ဖို့ကောင်းနေတာ ချစ်စရာကောင်းပေမဲ့မိန်းကလေးလည်းသိပ်မဆန်ဘူး သူ့ပုံစံလေးကဘယ်လိုလေးကိုမသိတာ

မင်းနဲ့မှWhere stories live. Discover now