အပိုင်း(၂၈)both unicode and zawgyi

5.9K 167 1
                                    

အခုဆိုရင် မိုးအေးတောင် Third MBရောက်နေပြီ။ဒီကြားထဲတော့ စာတွေကျက်လိုက် သူငယ်ချင်းတွေနဲ့စကားတွေပြောလိုက်တွေ့လိုက်နဲ့ အားလုံးပုံမှန်ပါပဲ။သူငယ်ချင်းဆိုမှ စုပြည့်မတို့က စွံသွားပြီ။မနှစ်က Second MBနောက်ဆုံးစာမေးပွဲပြီးတော့ ကိုဟိန်းမိဘတွေဘက်က လက်ထပ်စေချင်နေတာရော စုပြည့်မိဘတွေကလည်း ကလေးတွေသဘောဆိုတာနဲ့ ကိုဟိန်းနဲ့စုပြည့်တို့ လက်ထပ်ခဲ့ကြရော။

မိုးအေးလား မိုးအေးကတော့ ဒီလိုပါပဲ ကိုကိုနဲ့အဆင်ပြေပြေတွဲနေကြပါတယ်။အခုဆိုကိုကိုလည်း final part twoရောက်ပြီလေ အဲ့တော့ ကျောင်းကိုမလာရတော့ဘူး ဆေးရုံမှာပဲသင်ရတော့တာ။အဲ့ဒါကြောင့် ပိတ်ရက်တွေမှာပဲတွေ့ဖြစ်ကြတယ်။တစ်ခါတစ်လေတော့လည်းညနေပိုင်းတွေ့တာ၊ ဆေးရုံမှာခနတွေ့တာမျိုးတော့ရှိတာပေါ့။မိုးအေးတို့ကလည်း မနက်ပိုင်းပဲကျောင်းတက်ရတာ နေ့လည်ပိုင်းကျဆေးရုံမှာသင်ရတာ ကိုကိုနဲ့ဆေးရုံတူတဲ့ရက်ဆိုတွေ့ရပါတယ် ။ ကိုကိုတို့ကျ မိုးအေးတို့လို ဆေးရုံတစ်ခုတည်းမှာသင်ရတာမဟုတ်ဘူးလေ တစ်ခြားဆေးရုံတွေပါအလှည့်ကျသွားသင်ရတာ။

ဒီနေ့တော့ ဆေးရုံတူတယ် ကိုကိုက မိုးအေးတို့သင်နေကျ ဆေးရုံမှာမနက်ကတည်းက ရှိနေမှာတဲ့ အဲတာညနေပြန်ပို့မယ်ဆိုလို့ မိုးအေးဆိုင်ကယ်မယူခဲ့တော့ဘူးလေ မနက်ကျောင်းလာကတည်းက မောင်နဲ့အတူလာလိုက်တယ်။အော်မောင်ဆိုမှ သူလည်း ဆေးကျောင်းတက်နေတာလေ Second MBပေါ့ သူက။

စာအများဆုံးနှစ်ပဲ မိုးအေး Second MBတုန်းကလည်း စာတွေကျက်ရတာ စိတ်ကိုညစ်လို့ ဒါပေမဲ့လည်း ကိုကိုက အမြဲဘေးကနေအားပေးလို့ အဆင်ပြေခဲ့ပါတယ်။တစ်ခါတစ်လေ စာတွေကျက်ရတာများတော့ ပင်ပန်းပြီး ငိုခဲ့သေးတယ် အဲ့ချိန်တွေဆို ကိုကိုကပဲ အမြဲအားပေးပြီးချော့ပေးခဲ့တာ ။

မိုးအေး Second MBကို 2Dနဲ့အောင်ခဲ့တယ်။ပန်းနဲ့စုပြည့်က 1Dစီနဲ့အောင်ခဲ့ကြတာ။ သုံးယောက်သားရိုးရိုးပဲအောင်လောက်မယ်ထင်နေပြီး Dပါလို့ပျော်ခဲ့ကြတာ အမှတ်တရပဲ။

"စုပြည့် နင်ဒီနေ့ မိုးအေးနဲ့လိုက် နော် ငါ့ဆိုင်ကယ် လေသိပ်မရှိလို့"

မင်းနဲ့မှWhere stories live. Discover now