အပိုင်း(၈) both unicode and zawgyi

8.3K 379 7
                                    

# ဖတ်ကြည့်ပေးကြပါအုံးနော်။ လိုအပ်တာလေးတွေရှိပေမဲ့ ဖတ်ပေးကြတဲ့သူ voteပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ကျန်းမာရေးလည်းဂရုစိုက်ကြပါနော်

ဒီနေ့ Sunday အားလပ်ရက်ပေါ့။ကျောင်းလည်းမသွားရဘူး အားနေတော့ တစ်နေကုန် အိပ်မယ်လို့ 'မိုးအေး' တွေးနေတုန်း

" 'မိုးအေး'ရေ ငါတို့လာတယ်ဟေ့"

"နင် နိုးပြီမလား ငါတို့ဝင်ခဲ့ပြီနော်"

တကယ်တော့ 'မိုးအေး' နိုးလို့ မနက်စာတောင်စားပြီးပါပြီ။အခုက ပြန်အိပ်မလို့ဆိုပြီး အခန်းထဲပြန်ရောက်နေတာ

"နင်တို့တွေက ဘာလာလုပ်ကြတာလဲ "

"ငါတို့တွေ အပြင်သွားမလို့လေ။ နင်လာခေါ်တာ"

"ဟမ် အခုသွားမှာလား"

"အေးဟုတ်တယ်  'ရှိုင်း'ကားနဲ့သွားကြမယ်။"

"ဘယ်သွားမှာလဲ ငါအပြင်သိပ်သွားချင်တာမဟုတ်ဘူး"

"City Parkသွားမှာနော် မလိုက်လည်းနေပေါ့"

"City Parkသွားမှာလား လိုက်မှာပေါ့။ ငါ အဝတ်အစားလဲလိုက်အုံးမယ်လေ ဧည့်ခန်းထဲက စောင့်နေကြအုံး။"

"အေးအေး မြန်မြန်လုပ် 'ရှိုင်း'လည်း ဧည့်ခန်းမှာထိုင်နေခဲ့တာ"

"အေးပါ"

City Parkသွားမှာဆိုတော့ ပေါ့ပေါ့ပါးပါး crop top shirtနဲ့ ဘောင်းဘီရှည်နဲ့တွဲဝတ်၍ မျက်နှာကို မိတ်ကပ်ပါးပါးပဲလိမ်းကာ sun cream လိမ်း၍ ဆင်းလာခဲ့သည်။

ဧည့်ခန်းတွင် 'ရှိုင်း'နဲ့ 'ပန်း'နှစ်ယောက်သာရှိနေသည်။ 'စုပြည့်'က သူ့ကောင်လေးဆီက ဖုန်းလာလို့ အပြင်ထွက် ဖုန်းပြောနေသည်။ထိုစဉ်
'ပန်း'မှ

" 'မိုးအေး'က roller coaster စီးချင်နေတာကြာပြီ ။ အဲ့တာ နင်သူနဲ့လိုက်စီးပေးလိုက် ငါကမစီးချင်ဘူးဆိုပြီး 'စုပြည့်'ကိုပါ ငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားလိုက်မယ် ။စီးပြီးပြန်လာတဲ့အချိန်ကျ နင်ပြောလိုက်နော် 'ရှိုင်း'။ "

"အေးပါ သိပါတယ် နင်မနေ့ညကလည်းပြောပြီးသားကို ငါပြောမှာပါ။ "

မင်းနဲ့မှWo Geschichten leben. Entdecke jetzt