အပိုင်း(၇) both unicode and zawgyi

8.5K 306 0
                                    

#ချမ်း မနေ့က နေမကောင်းချင်သလိုဖြစ်တာနဲ့ ဆေးသောက်ပြီးအိပ်လိုက်လို့ upမပေးလိုက်ရတာ တောင်းပန်ပါတယ်နော်။အားလုံးလည်း ကျန်းမာရေးဂရုစိုက်ကြပါ။ နေကောင်းအောင်နေကြနော်။

'Ring ring ring.....'

"ဟယ်လို"

"ဟဲ့ ဟယ်လို မနေနဲ့ 'မိုးအေး' ရေ နင်မလာသေးဘူးလား ။ အတန်းပြန်စတော့မှာနော်။"

"ဟမ် အဲ့လောက်ရှိသွားပြီလား။ လာပြီ... လာပြီ"

'မိုးအေး'စာဖတ်ရင်း Libraryမှာအိပ်ပျော်သွားတာ 'ပန်း'ဖုန်းဆက်မှနိုးတော့တာပဲ။

အတန်းထဲရောက်၍

"ဟူး တော်ပါသေး ပါမောက္ခ မရောက်သေးလို့။"

"နင် Libraryမှာ ဘာလို့အဲ့လောက်ကြာနေရတာလဲ"

"ဟဲ ဟဲ ငါ စာဖတ်ရင်းအိပ်ပျော်သွားလို့"

"ဗုဒ္ဓေါ စာဂျပိုးမက Libraryမှာအိပ်တယ် ထူးထူးဆန်းဆန်းပါလား။"

'မိုးအေး'လည်းရီသာပြလိုက်၍ ဘာမှပြန်မပြောဖြစ်ပါ။ တကယ်ဆို ဟို 'ကိုနေမင်းထွဋ်ခေါင်'ဆိုတဲ့သူ ငါ့ကိုနှိုးသွားသင့်တာပေါ့။သူနဲ့လည်းသိနေတာကို အခုတော့ငါ ဒီကောင်မနှစ်ကောင်ပြောတာခံနေရပြီ။ ပြီးတော့ အဲ့အကို နာမည်ကြီးကလည်း ရှည်လိုက်တာ အတွေးထဲမှာခေါ်တာတောင် မောတယ်😓🤧...

'နေမင်း' Libraryကနေပြန်လာတဲ့ တစ်လျှောက် ဟိုကောင်မလေးရဲ့အိပ်နေတဲ့ မျက်နှာလေးကိုပဲ မြင်နေသည်။ဒီလိုနဲ့အတန်းထဲရောက်တော့လည်း သူအိပ်နေတာနိုးမှနိုးပါ့မလား။အတန်းမတက်လိုက်ရရင်ဘယ်လိုလုပ်မလဲ ကိုသာတွေးနေမိပြီး ထိုင်နေရာမှ ဆတ်ခနဲ ထသွားတော့

"ဟျောင့် 'နေမင်း'ဘယ်ပြန်သွားအုံးမလို့လဲ ပါမောက္ခ လာတော့မှာနော်"

'နေမင်း' တစ်ယောက် 'သက်တန့်'ပြောတာကိုတောင် ပြန်မပြောနိုင်ပဲ Libraryကိုပြေးခဲ့ရသည်။ Library ရောက်တော့ သူမရှိတော့ပါ။ ဟူး နိုးသွားပြီထင်ပါရဲ့။
သက်ပြင်းချလိုက်ပြီး

^^နေပါအုံး ငါက သူအတန်းမတက်ရမှာကို စိတ်ပူပြီးဒီအထိလိုက်လာတာလား။ ငါက 🙄🤔.. ဘာလို့လဲ.. ဒီနေ့ တကယ် ငါဘာဖြစ်နေလဲ မသိဘူး။ ရူးနေပြီလား^^

မင်းနဲ့မှTahanan ng mga kuwento. Tumuklas ngayon