အပိုင်း(၁၂) both unicode and zawgyi

7.9K 274 6
                                    

ဒီနေ့ နေမင်း သက်တန့်အိမ်သွားပြီး စာကျက်မလို့။ဒါပေမဲ့ သက်တန့်က သူ့အမေဆိုင်စောင့်ပေးနေရတာ အိမ်မှာမရှိဘူး သူ့ကိုဆိုင်လာခေါ်လိုက်ဆိုလို့ Oceanက သက်တန့်အမေရဲ့ ယောကျာ်းလေးအဝတ်ရောင်းတဲ့ဆိုင်ကိုသွားနေခြင်း

သက်တန့်အမေဆိုင်၌

"နေမင်း ရောက်ပြီလား မြန်တာ"

"အေး ငါလည်း အိမ်မှာပျင်းနေတာနဲ့ တန်းထွက်လာတာ"

"အော်အေး ဒါပေမဲ့ ငါ့အမေကပြန်မရောက်သေးဘူး ငါကသူပြန်ရောက်မှ ပြန်လို့ရမှာ"

"ရပါတယ် ငါစောင့်နေလိုက်မယ်"

"အေး အဲ့ဆိုလည်း  ရော့ဒီမှာ ခုံ ထိုင်စောင့်နေအုံးနော်"

"အေးအေး ရတယ်"

ဒီလိုနဲ့ နေမင်းတစ်ယောက် သက်တန့်အမေဆိုင်ရှေ့မှာ ဖုန်းသုံးရင်းထိုင်စောင့်နေလိုက်သည်။

မိုးအေးတစ်ယောက် 'မောင်'လိုသမျှ မုန့်၊စာအုပ် စတာတွေ လိုက်ဝယ်ပေးပြီး နာရီကြည့်မိတော့ 1နာရီရှိနေတာနဲ့ နေ့လည်စာကို oceanကဆိုင်တစ်ဆိုင်မှာပဲလိုက်ကျွေးလိုက်တယ်။ နေ့လည်စာစားပြီးတော့ အပေါ်ဆုံးထပ်ကဆင်းလာရင်း ယောကျ်ားလေးအဝတ်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရောက်တော့

"မမ ပိုက်ဆံဘယ်လောက်ကျန်သေးလဲဟင်"

"ငါးသောင်းလောက်တော့ကျန်သေးတယ် ဘာဝယ်ချင်လို့လဲ"

"ငါ shirtတစ်ထည်လောက်ဝယ်ချင်လို့ "

"ဟဲ့နင်မှာ ဒီလောက်shirtတွေပေါနေတာကို။မေမေကလိုတာပဲဝယ်တဲ့လေ"

"မမကလည်း ငါ တစ်ထည်နှစ်ထည်ပဲ ဝယ်မှာလေ နော်....နော်လို့"

မိုးအေးပခုံးပေါ်ခေါင်းတင်ကာ လက်ကိုဆွဲ၍ သူလိုချင်တာရဖို့အတွက် 'မောင်'တစ်ယောက် ချွဲနေခြင်း။အဲ့ကောင်လေးက ငယ်ငယ်ကတည်းက သူလိုချင်တာရှိပြီဆို ချွဲလိုက်ရမှ။ ငယ်ငယ်ကချွဲတာတော့ ချစ်စရာကောင်းပေမဲ့ အခုတော့ မိုးအေးသူချွဲနေတာကို ကြည့်မရပေ အဲ့တာနဲ့

" 'မောင်'ရယ် နင်ချွဲနေတာကလည်း ရွံစရာကြီး ။ငါ နင့်ရဲ့အဲ့ပုံစံကိုဆက်မကြည့်နိုင်တော့ဘူး။လာခဲ့ ဝယ်​ပေးမယ်။ဒါပေမဲ့ တစ်ထည်ပဲနော်။"

မင်းနဲ့မှDonde viven las historias. Descúbrelo ahora