အပိုင်း(၉) both unicode and zawgyi

8.5K 320 9
                                    

# အရေးအသားသိပ်မကောင်းပေမဲ့ ဖတ်ပေးကြတဲ့သူတွေကို တကယ်ကျေးဇူးတင်ပါတယ်နော် ။ ကျန်းမာရေးဂရုစိုက်ကြပါနော်။

'ရှိုင်း' ပြောစရာရှိလို့ဆိုပြီး 'မိုးအေး'ကိုခေါ်လာပေမဲ့ တကယ်တမ်းကျ ဘယ်ကဘယ်လိုစပြောရမှန်းမသိဖြစ်နေသည်။

" 'ရှိုင်း'ပြောစရာရှိတယ်ဆိုပြောလေ "

"အေး အဲ့တော့ ငါ... ငါပြောချင်တာက ငါနင့်ကို..."

ထိုချိန်  "မမ" မိုးအေးလက်ကို ကိုင်ကာ ကလေးမလေးတစ်ယောက်ခေါ်လိုက်ခြင်း

" ညီမလေး ဘာလို့လဲဟင်"

"ဟိုဟာ လမင်းလေ ဉီးဉီးနဲ့လမ်းကွဲသွားလို့ အဲ့တာ မမ ကူညီပါအုံးနော်"

"ဟုတ်လား ဘယ်နားမှာကွဲသွားတာလဲ ။လာ မမတို့ဝိုင်းရှာပေးမယ်"

" မိုးအေး နေအုံးလေ ငါပြောမဲ့ဟာ"

" ရှိုင်း ရယ် ဒီမှာ ကလေးကိုအရင်ကူညီပေးလိုက်ပါအုံး ပြီးမှပြောလေ"

"အေး အေးပါ"

ထိုစဉ် 'နေမင်း'တစ်ယောက် 'မိုးအေး'တို့ရှိရာဆီရောက်လာ၍

"ဟာ လမင်းလေးရယ် ရှာလိုက်ရတာ။ လမင်းလေးက ဒီကိုဘယ်လိုရောက်နေတာလဲ"

"ဉီးဉီးနဲ့ကွဲသွားလို့ ဒီက မမကိုကူညီပြီးရှာခိုင်းနေတာ။အဲ့တာ မမက ဝိုင်းရှာပေးနေတာ"

"အော် ဟုတ်လား ကျေးဇူးတင်ပါတယ်ဗျာ"ဆိုပြီး လမင်းဘေးက ကောင်မလေးကိုကြည့်ကာ

" ရွှန်းမိုးအေး မင်းကို "

"ဟုတ်အကို ဒါအကို့တူမလေးလား"

"အေးဟုတ်တယ် ငါ့တူမလေးကို ထိန်းသိမ်းပေးထားလို့ကျေးဇူးပဲ"

"ရပါတယ် အကိုရယ် 'မိုးအေး'တို့သွားအုံးမယ်နော်"

မိုးအေးနဲ့ ရှိုင်းထွက်သွားမည်အလုပ် နောက်မှ မိုးအေးလက်ကို လှမ်းဆွဲ၍ လှည့်ကြည့်လိုက်ရာ

"ဟိုခန ခနနေပါအုံး ကျေးဇူးတင်လို့ ရေခဲမုန့်လိုက်စားပါလား ငါ့တူမလေးကို သွားကျွေးမလို့ အဲ့တာလိုက်ခဲ့ပါလား"

"အယ် ရပါတယ် အကိုရဲ့"

ထိုအချိန် ရှိုင်းမှ မိုးအေး အနားကပ်ကာ "မိုးအေး နင်နဲ့အသိတွေလား" မိုးအေးလည်းရှိုင်းဘက်ပြန်လှည့်ကာ ရှိုင်းကြားရုံမျှအသံနှင့်
"အေးဟုတ်တယ် ကျောင်းကစီနီယာ"

မင်းနဲ့မှOù les histoires vivent. Découvrez maintenant