#ဒီရက်ပိုင်း ချမ်းနေသိပ်မကောင်းလို့ အပိုင်းသစ်လေးနောက်ကျသွားတယ် sorryပါနော်။ အားပေးကြတဲ့သူတစ်ဉီးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။😘😘😘
ကျန်းမာရေးရော အစစအရာရာဂရုစိုက်ကြပါနော်။နေမင်းတို့ Third MB တွေက first testပြီးတော့ ကျောင်းကိုမနက်ပိုင်းပဲတက်ရပြီး နေ့ခင်းကျ ဆေးရုံသွားရတော့ နေမင်းမှာ ဝက်ပေါက်လေးနဲ့ မတွေ့ရတာကိုကြာပြီ။
လိုင်းပေါ်မှာ စာပို့တော့လည်း ပြန်တော့ပို့ပါရဲ့ ပြီးရင် စာကျက်တော့မယ်ဆိုပြီး လိုင်း outသွားတာကြီးပဲ။ ဒီနေ့တော့ ဆေးရုံက စောပြန်ရလို့ ဝက်ပေါက်လေးကိုတွေ့ရဖို့ နေမင်း ကျောင်းမှာသွားစောင့်နေမိ၏။
"နေမင်း ငါ့ကိုမင်းလိုက်ပို့စရာမလိုတော့ဘူးကွ ဒီလိုမှန်းသိ ငါမင်းနဲ့ကျောင်းပြန်မလိုက်ခဲ့တော့ပါဘူး ငါ့ဟာငါဆေးရုံမှာစောင့်နေလိုက်တယ် တကယ်ပဲ ခုမှ ကိုလင်းကဖုန်းဆက်တာ ငါ့ကိုလာကြိုမလို့တဲ့ အဲ့တာနဲ့ငါလည်းကျောင်းကိုလာကြိုခိုင်းလိုက်တယ်"
"အော်အေး အဲ့တာဆိုလည်း ပြီးတာပဲ ကိုဉက္ကာက ရောက်ပြီ"
"မရောက်သေးဘူး ဒါပေမဲ့ လာနေပြီတဲ့"
"အော်အေး"
မိုးအေးတို့ welcome ပြီး မုန့်သွားစားပြီးကတည်းက ကိုသက်တန့်တို့အကိုတို့နဲ့မတွေ့ဖြစ်တို့ပေ မနက်ပိုင်းကျလည်း ကျောင်းချိန်ကမတူ နေ့ခင်းကျလည်းသူတို့တွေက ဆေးရုံသွားနေရပြီလေ အဲ့တာနဲ့မတွေ့ဖြစ်ကြတာပဲ။
မတွေ့ဖြစ်တော့လည်း တစ်မျိုးကြီးပဲ မိုးအေးစိတ်ထဲမှာ
^အို မတွေ့ဖြစ်တော့လည်းဘာဆန်းလည်း သူနဲ့ငါနဲ့ ဘာမှ မှမဟုတ်တာ လျှောက်တွေးမနေစမ်းနဲ့ ရွှန်းမိုးအေးရေ^
"မိုးအေးရေ အတန်းပြီးပြီနော် ဘာတွေအဲ့လောက်တွေးနေတာလည်း"
ပန်း ပြောမှ မိုးအေး တွေးနေရာမှ ပြန်သတိဝင်လာ၏။
"အော်အေး ငါသိပါတယ်နင်ကလည်း ငါက ပါမောက္ခပြောသွားတဲ့ဟာကို ခနစဉ်းစားနေတာပါ"
"အော်ဟုတ်ကဲ့ သိရင်လည်းပြီးတာပါပဲ ပြန်မယ်"
"ဟဲ့ မိုးအေး နင့်ဘယ်သူလာကြိုမှာလဲ ငါလိုက်ပို့ပေးရမလား"

BẠN ĐANG ĐỌC
မင်းနဲ့မှ
Ngẫu nhiênဆေးကျောင်း Kingတွေထဲမှာ အချောဆုံး တတိယနှစ်ရဲ့ King \သူ့ကိုကြိုက်လို့လာအရောဝင်တဲ့ကောင်မလေးတွေကို ရှုပ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြချေနေသူ 'နေမင်းထွဋ်ခေါင်' ဝဝပုပု ဝတယ်ဆိုပေမဲ့ ပုံပျက်နေအောင်ဝတာမဟုတ်ပဲ ပြည့်ပြည့်လေးနဲ့ cute type...