အပိုင်း(၁၈)both unicode and zawgyi

6.7K 225 1
                                    

ညကျ ဟိုနှစ်ကောင် VCဆက်ပြီး ဖြစ်ခဲ့သမျှကို မေးလို့ မိုးအေးလည်း အကြောင်းစုံပြောပြဖြစ်တယ်။
'ပန်း' ကတော့ ဒီကြားထဲ သူတို့ကိုဘာမှမပြောပြခဲ့လို့ ဆူနေလေရဲ့ ပြီးတော့ နေမင်းထွဋ်ခေါင်ကိုလည်း ပြောဆိုနေတာရစရာမရှိအောင်ပဲ။

ပန်းကအမြဲအဲ့လိုပဲ မိုးအေးနဲ့စုပြည့်ကိုတစ်ယောက်ယောက်က မကောင်းပြောရင်ဖြစ်ဖြစ် တစ်ခုခုလုပ်ရင်ဖြစ်ဖြစ် သူကဒေါသထွက်ပြီး အဲ့လူကိုပြောလို့မပြီးတော့ဘူး။ ပန်းကမိုးအေးတို့တွေကို ဂရုမစိုက်သလိုနဲ့ တကယ်က အမြဲဂရုစိုက်ပေးပြီး မိုးအေးတို့ကိုအရမ်းခင်တွယ်တဲ့ ကလေးမရယ်။

စုပြည့်မ ခါတိုင်း မိုးအေးတို့ကို မကောင်းပြောရင် အသေဆဲနေကြ အခုဘာဖြစ်နေလဲမသိဘူး မိုးအေးပြောပြီးတာတောင် သူကဘာမှမပြောဘူး ငြိမ်နေတာပဲ...

"ဟဲ့ စုပြည့်မ ငြိမ်လှချည်လား ဘာမှလည်းမပြောဘူး"

"ငါစဉ်းစားနေတာ နင်ပြောပုံအရဆို ငါကြားထားတဲ့သတင်းကအမှန်ထင်တယ်"

"နင်က ဘာတွေကြားထားလို့လဲ"

"ငါနဲ့ခင်တဲ့ part 1ကအမတစ်ယောက်ရှိတယ်လေ နင်တို့နဲ့တောင်ဟိုတစ်ခါမိတ်ဆက်ပေးသေးတယ်လေ မှတ်မိလား"

"ဟမ် အော် ငါသိပြီ ဟိုအမလေ ငါတို့ဘော်ဒါကပဲဆိုတဲ့အမ မလား ခင်​ငြိမ်းစံဆိုလားနာမည်က"

"အေးဟုတ်တယ် ဟုတ်တယ် အဲ့အမပြောပြတာဟာငါ့ကို ဘာလဲဆိုတော့ ကိုနေမင်းထွဋ်ခေါင်အကြောင်းဟ ကိုနေမင်းထွဋ်ခေါင်တို့ fist year တုန်းက အဲ့အမတို့က Second MBလေ ဒါပေမဲ့ ကိုနေမင်းထွဋ်ခေါင်က first year ကတည်းက ကျောင်းမှာအရမ်းနာမည်ကြီးတာတဲ့ လိုက်ကြိုက်တဲ့ကောင်မလေးတွေလည်းအများကြီးပဲတဲ့ အဲ့အမလည်းပါမှာပေါ့ဟယ်။

အဲ့တုန်းကတော့ ကိုနေမင်းထွဋ်ခေါင်က ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေပဲတဲ့။အဲ့တော့ ကောင်မလေးတွေကလည်း တော်တော်များများလိုက်ကပ်ကြတာပေါ့ဟယ်။အဲ့မှာ အဲ့အမတို့ Second MBက queenက ကိုနေမင်းထွဋ်ခေါင်ကို အသေကြိုက်ပြီး တအားလိုက်ကပ်တာတဲ့

တစ်နေ့ဟာ သူ့မွေးနေ့မှာ ကျောင်းကသူတွေအကုန်ဖိတ်ပြီး Partyလုပ်ကြတာတဲ့ အဲ့မှာ ကိုနေမင်းထွဋ်ခေါင်ကို  စိတ်ကြွဆေးခတ်ပြီး သူ့အခန်းခေါ်သွားဖို့လုပ်တာတဲ့ အဲ့တာကို ကိုနေမင်းထွဋ်ခေါင်က toiletသွားရင်း သူနဲ့သူငယ်ချင်းတွေဆေးခတ်ရင်းပြောနေတာကြားတာတဲ့ အဲ့တာနဲ့ သူကအဲ့တာကိုအသံသွင်းထားပြီး သူလည်းလာတိုက်ရော အဲ့အသံဖိုင်ကိုဖွင့်ပြလိုက်တာတဲ့

မင်းနဲ့မှDonde viven las historias. Descúbrelo ahora