Chapter 123: အသက်ရှင်သောတစ်ယောက်ပြီးတစ်ယောက် သူတို့မနက်စာ ပန်းကန်လုံးတွေပြန်လာထားကြသည်။
သူတို့ကိုဖြတ်လျှောက်သွားချိန် ပြုံးပြီးတောင်နှုတ်ဆက်ကြ၏။
သူတို့အပြုအမူတွေကို စုမင်နေသားကျနေလေပြီ။
ပန်းကန်လုံး၊ ဇွန်းနှင့် ခရင်းများကို ကပ္ပတိန်ဆေးကြောခဲ့တာကြောင့် စုမင်တို့သည် ပန်းကန်ဆေးဖို့ကူညီစရာမလိုတော့ပေ။ ဒါ့အပြင် ကပ္ပတိန်သည်လည်း သူတို့ပန်းကန်ဆေးခွင့်မပြုပေ။
ချင်းမုရင်က .."ငါတို့ အရင်မျက်နှာကျက်သွားကြည့်ရအောင်"
စုမင် .."အိုခေ"
ဤတစ်ချိန် သူတို့အားလုံး၏အခန်းတိုင်းရှိ မျက်နှာကျက်များကို သေချာစမ်းစစ်ကြည့်တော့ အားလုံးလိုလိုတထေရာတည်းအတူတူပင်။ လုံးဝမကွဲပြား။
ထန်ရီရှူအခန်းထဲရှိ အင်္ကျီချိတ်မှာပျောက်နေလေပြီ။
"နင်တို့တစ်ယောက်ယောက် ယူလိုက်ကြသေးလား?" ရှဟဲယင်းမေး၏။
"ဘယ်သူကယူရဲမှာလဲ?' ချင်းမုရင် ဘီရိုကိုဖွင့်ပြီး အထဲကိုကြည့်လိုက်ကာ .."ဒီထဲမှာလည်းမရှိဘူး၊ ကြည့်ရတာ ကပ္ပတိန်နဲ့အခြားသူတွေ ယူသွားတာဖြစ်မယ်"
စုမင် အိပ်ယာကိုအကဲခတ်လိုက်သည်။ အစောတုန်းက သဲလွန်စခြေရာတွေ အားလုံး ပျောက်သွားကာ ယခင်က ဘယ်သူမှမနေခဲ့သည့်အလား။
သူ ခြုံစောင်ကို မ ကြည့်ပြီး .."ဒီအခန်းက တအားသန့်ရှင်းလွန်းတယ်"
စုယင်း ကုတင်ကိုညွှန်ပြပြီး .."တစ်ယောက်ယောက်အိပ်ယာကို ပြန်ခင်းလိုက်တာ ... ကြည့်ဦး ဘယ်လောက်တောင် သေသပ်လဲဆိုတာ ... မသိရင် ဟိုတယ်အိပ်ခန်းတွေလိုပဲ"
စုမင်က .."ငါတို့တစ်ခုခုဖြစ်ပြီးသွားရင် ဒီလိုပဲဖြစ်လာမယ်နဲ့တူတယ်"
သဲလွန်စခြေရာအကုန်လုံးသည် မရှိတော့ဘဲ နောက်ခါ လူသစ်တွေရောက်လိမ့်မည်။ သူတို့တစ်ခုခုဖြစ်ပြီးသွားသည့်အခါ ကျန်ခဲ့သည့်အစအနခြေရာတွေအကုန်လုံးသည် တဖန်ရှင်းလင်းခံရလိမ့်မည်။ ထိုကဲ့သို့ သံသရာမှာ အဆက်မပြတ်လည်နေလေသည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...