Chapter 124

578 87 5
                                    


Chapter 124: သံသယ

မုန်တိုင်းရောက်လာသလိုမျိုး ပျောက်သွားသည်လည်း မြန်ဆန်၏။

ချင်းမုရင် သူတို့နောက်လိုက်ပြီး ဝင်သွားချင်သည်။ သူတိုးတိုးလေးဖြင့် .."သူ့ကို ဘာလုပ်မလဲဆိုတာ ငါတို့ဝင်ပြီးကြည့်သင့်လား?"

စုမင်က .."အိုခေ"

သူသည်လည်း အနီးကပ်ကြည့်ချင်ခဲ့သည်။ ထိုလူတွေသည် ဤလူသားကို ကယ်တင်ဖို့လား အန္တရာယ်ပြုဖို့ ရည်ရွယ်တာလား?

စိုစွတ်နေသောကြောင့် လူလတ်ပိုင်းမျက်မှန်နဲ့အမျိုးသားသည် ထိုလူကို အခန်းထဲသို့မသယ်ဘဲ ခန်းမထဲတွင် ထားလိုက်သည်။

“သူ သတိလစ်သွားတာနေမယ်၊ သူ့အဝတ်အစား အရင်ပြောင်းလဲပေးရအောင် ဒါမှမဟုတ်ရင် သူ အအေးပတ်သွားလိမ့်မယ် ... အဖျားတက်ရင် မကောင်းဘူး”

"ငါတို့ သူ့ကိုအခန်းထဲအရင်ပို့သင့်တယ်"

"သူ့ နှုတ်ခမ်းလည်းကြည့်ဦး ခရမ်းရောင်တောင်ပြောင်းနေပြီ၊ သူရေထဲမှာ အကြာကြီးမျောနေတာဖြစ်မယ် ... တကယ်သနားစရာကောင်းလိုက်တာ"

"ကပ္ပတိန်ကို အသိပေးပြီးပြီလား? သူလာမှာလား?"

သူတို့ဆွေးနွေးနေကြစဉ် တံခါးကိုတွန်းဖွင့်ပြီး ကပ္ပတိန်ဝင်လာသည်။ ထိုနေရာတွင် လူလှဲလှောင်းနေသည်ကို တွေ့သည်နှင့် အမြန်ပြော၏ .."မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ? သူ့ အဝတ်တွေသွားလဲပေးလိုက်ကြလေ ... ဒီအချိန်တလျှောက်လုံး ဘာလုပ်ရမှန်းမသိကြသေးဘူးလား?"

သူပြောပြီးသည်နှင့် လူလတ်ပိုင်းမျက်မှန်နဲ့အမျိုးသားသည် ချက်ချင်းဆိုသလို ထိုလူကို အောက်ထပ်ခေါ်သွားသည်။

ထို့နောက် ကပ္ပတိန်က .."မင်းတို့ကရော ဒီမှာ ဘာတွေယောင်ပေပေလုပ်နေတာလဲ? သွား ကိုယ့်ဘာကိုလုပ်စရာရှိတာ သွားလုပ်ကြ ... အပြင်သွားချင်သေးလို့လား?"

buzzcutနဲ့လူက .."သွားချင်သေးတယ်"

လူအချို့သည် ‌သင်္ဘောကုန်းပတ်ပေါ် ပြန်တက်သွာူကြသည်။ နှစ်ယောက်က အောက်ထပ်ကိုလိုက်သွားပြီး ကျန်သူများက ငါးမျှားခြင်းနှင့်ပတ်သတ်ပြီး ဆွေးနွေးလျက် ကျန်ရစ်ခဲ့သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now