Chapter 125: ချက်ကျွေးခြင်းဤအထပ်တွင် အမှန်တကယ်နေထိုင်သော လူနှစ်ဦးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခုအချိန်တွင် အဆိုးရွားဆုံးပြဿနာဖြစ်လာသည်။
ချင်းမုရင်ပထမဆုံးပြောသောစကားသည် သဘာဝကျကျ စိုးရိမ်ပြီးစိတ်စောမိ၍ ထွက်လာသော စကားဖြစ်၏ .."ငါတို့တံခါးခေါက်ကြည့်လိုက်မယ်လေ ... တစ်ယောက်မှတံခါးမဖွင့်ဘူးဆိုရင် အထဲမှာဘယ်သူမှမရှိဘူးပေါ့"
ထိုအကြံပြုချက်ကို ရှဟဲယင်းတိုက်ရိုက်ငြင်းဆန်၏ .."အကယ်၍ အဲ့လူတွေ ဒီမှာနေနေခဲ့ပေမယ့် နောက်မှ အခြားနေရာပြောင်းသွားမယ်ဆိုရင်ရော? ရှင် သေချာလို့လား?"
သူမကြောင့် ချင်းမုရင်ဆွံ့အသွား၏။ အချိန်အတော်ကြာမှ .."ဒါဆို ငါတို့ဘာလုပ်မလဲ? မင်းတို့မှာ အခြားကောင်းတဲ့အကြံလေးတွေ ဘာလေးတွေ ရှိကြလား?"
သဘာဝကျစွာ ရှဟဲယင်းလည်းဘာမှတွေးမရခဲ့ပေ။
ထိုကိစ္စကြောင့် သူတို့နှစ်ယောက်အပြန်လှန်ငြင်းခုံခဲ့၏။
အဆုံးသတ်၌ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ ဘယ်လိုမျိုးအတူတူပေါင်းမိသွားလဲ စုမင်စဉ်းစားမရချေ။ အခုထိတောင် သူတို့နှစ်ဦးကြား မီးပွားလေးတစ်ခုပင်မတွေ့ရပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သေချာဆန်းစစ်ရဦးမယ်"
ချင်းမုရင်နောက်ဆုံးစကားပြောပြီး ကုတင်ပေါ်၌ ထိုင်လိုက်သည်။
စုယင်းက သူ့ကို တို့ထိကာ .."ဘာလို့ရန်ဖြစ်တာလဲ? ဘာအတွက်ရန်ဖြစ်စရာလိုလို့လဲ? ဒီတိုင်း စစ်ဆေးတာနဲ့ မေးမြန်းတာပဲမဟုတ်ဘူးလား?"
စုမင် တံခါးဖွင့်လိုက်ပြီး .."သူတို့ထွက်သွားပြီလားဆိုတာ ငါသွားစစ်ကြည့်လိုက်မယ်"
ကော်ရစ်ဒါသို့ပြန်ထွက်လာချိန် အနည်းငယ်စိုထိုင်းထိုင်းဖြစ်နေသည်ဟု သူခံစားမိသည်။ ထိုအခန်း၏တံခါးသည် ပိတ်ထားလျက်ရှိနေပြီဖြစ်ကာ အထဲမှာဘယ်သူရှိနေလဲ သူမသိပေ။
သူ စစ်ဆေးကြည့်ရန် အပေါ်ထပ်သို့ အလွယ်တကူတက်သွားသည်။ ဘီယာဗိုက်နဲ့ လူလတ်ပိုင်းမျက်မှန်နဲ့အမျိုးသားတို့ကိုတွေ့ခဲ့ပြီးနောက် သူပြန်ဆင်းလာသည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...