◈𝟒

574 86 8
                                    

Zawgyi

⭅⭆

နေသာသည်။ ရာသီဥတု ကောင်းမွန်သည်။ ကြီးမားသော တိမ်စိုင်တွေက ဝေဟင်တစ်ပြင် အဆုပ်လိုက် အထွေးလိုက် ပြန့်ကျဲနေသည်။

"ယွင် ..."

ခေါ်သံကြောင့် လော်ယွင်ရှီးက မော့ကြည့်သည်။ ချန်ဖေးယွီက လှေဘောင်ကို အားပြုကာ လက်ထောက်ထားပြီး၊ အပြင်သို့ ကိုယ်တစ်ပိုင်းထွက်၍ ပင်လယ်ထဲက ရေသူထီးလေးကို ငုံ့ကြည့်ကာ စိုးရိမ်မှုတွေ ပါဝင်နေသည့် လေသံဖြင့် ပြောလာသည်။

"ဖြစ်ပါ့မလား ယွင်ရယ် ... ဝဲကြီးကို ဖြတ်နိုင်တာ သေချာရဲ့လား ... အဲ့ဒါက အကြီးကြီးဆို ... ယွင်တစ်ယောက်တည်းဆို ကိစ္စမရှိပေမဲ့ အခုက ငါစီးမဲ့လှေကိုပါ တွန်းပြီး ကူးရမှာဆိုတော့ တကယ်စိတ်ပူတယ် ... ငါနဲ့အတူ လာစီးပါဆိုလည်း မဟုတ် ... လှော်တက်နဲ့လှော်လည်း လနဲ့ချီ ကြာတယ်ဆိုရင်တောင် ဘာပဲဖြစ်ဖြစ် ယွင် မပင်ပန်းတော့ဘူးလေ ... ဘယ်လိုလဲ စိတ်ပြန်ပြောင်းမလား"

အသွင်ပြန်ပြောင်းထားသည့် လော်ယွင်ရှီးသည် ခေါင်းကို တွင်တွင်ခါလာပါ၏။ ပိတုန်းရောင် ဆံနွယ်ရှည်တွေသည် ပင်လယ်ရေ မျက်နှာပြင်ထက် ပေါလောပေါ်နေကာ အတွန့်အဝိုက်လေးတွေ ဖြစ်ပေါ်နေပြီး၊ မငြိမ်သက်သည့် ရေလှိုင်းများအတိုင်း ရွေ့လျားနေ၏။ ထိုသူက ဦးမော့လျက် ငုံ့မိုးကြည့်နေသူအား ပြန်လည် ပြောဆိုလာသည်။

"စိတ်မပြောင်းဘူး ... ငါက အဲ့ဝဲကြီးကို ဖြတ်တဲ့နေရာမှာ ကျွမ်းကျင်အဆင့် ရောက်နေပါပြီ ... လာသမျှလှေတွေ ... သဘောင်္တွေ မြုပ်တယ်ဆိုတာ သူတို့က ဖြတ်မှမဖြတ်တက်တာ ... ပြီးတော့ ငါ့လောက်လည်း ရေကူးမကျွမ်းဘူးလေ ... ချန်ဖေးဖေးယွီ ပြောသလို ဟိုတုတ်နဲ့ လှော်မယ်ဆို အရမ်းအရမ်း ကြာသွားမှာ ... လတွေအများကြီး ကြာမှာ .. ငါက ကူညီနိုင်တဲ့ဘက်က ကူညီတာမို့ အရမ်းစိတ်မပူနဲ့ ... ဒီတစ်ခါ ချန်ဖေးဖေးယွီ စကားထပ်များမယ်ဆို ဝဲနားရောက်ရင် ပစ်ချထားခဲ့မှာနော် ... ဟွန်း !"

ချစ်စရာကောင်းသော အပြောလေးကြောင့် ချန်ဖေးယွီခမျာ မရယ်ဘဲမနေနိုင်။ သူက လော်ယွင်ရှီး၏ နဖူးပြင်ထက်တွင် ကပ်ငြိနေသည့် ဆံစလေးကို နားရွက်နောက် သပ်ပို့ပေးလိုက်ပြီး၊ ပါးပြင်ပေါ်က ရေစက်ပေါက်လေးကိုလည်း လက်မလေးနှင့် ယုယုယယလေး ဖိသုတ်ကာ ရွှင်ရွှင်ပျပျပြောသည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now