◈𝟖

365 69 8
                                    

Zawgyi

⭅⭆

ချန်ဖေးယွီ လှည့်မကြည့်ဘဲ မသိချင်ယောင်ဆောင်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သို့ပေမဲ့ နောက်ဘက်မှ ပြေးလာသည့် ခြေသံပြင်းပြင်းတို့ကို ကြားလိုက်ရပြီး၊ ထို့နောက် သူ့ပခုံးက ရုတ်ချည်း ဆွဲလှည့်ခံလိုက်ရ၏။

"စောက်သူခိုးကောင် ... မင်းကို ခေါ်နေတာ မကြားဘူးလား"

"ဗျာ ... ဘယ်သူ့ကို ပြောနေတာလဲ"

"မင်းကို ပြောနေတာလေ ခွေးသူခိုးရဲ့ ... အဲ့မျက်နှာစည်း အဝတ်ကို ချွတ်လိုက်စမ်း ... မင်း သူခိုးကောင်ဆိုတာ ငါသိတယ် ... ဘာနဂါးစာတွေ ကျားစာတွေလဲ ... ငါသေတောင် မယုံဘူးကွ !"

ထုတ်ထားသည့် ဝရမ်းကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ပြီး၊ သူ့အား သေစာရင်းဝင်သူ တစ်ယောက်အဖြစ် အားလုံးက သိထားကြသည်ဖြစ်ရာ၊ ပြောရလျှင် ဤအခြေအနေက လက်မခံနိုင်ဖွယ်ပင်။ ကြည့်ရသည်မှာ ဒီလူကြီးက သူခိုးခဲ့ဖူးသည့် တစ်အိမ်အိမ်က ဖြစ်လောက်မည်။ ဒါကြောင့်သာ အင်မတန် အငြိုးအတေးကြီးပြီး ရန်လိုနေခြင်းပင်။

"ဘာတွေကြောင်နေတာလဲ ... ချွတ်လေ ... မင်းမချွတ်ရင် ငါချွတ်ပေးရမှာလား ... မင်း ပြေးဖို့စဉ်းစားနေတာ ငါသိသားပဲ ... သူခိုး ဥာဏ်နီဥာဏ်နက်တွေ ထုတ်သုံးတော့မှာ"

ထိုလူက သူ့မျက်နှာထက် စည်းထားသည့် အဝတ်အား ဆွဲချွတ်ရန် မမှီမကမ်း လက်လှမ်းလာသောကြောင့် ချန်ဖေးယွီ အလျင်အမြန် ကိုယ်ကို နောက်ယို့လိုက်ရ၏။

"ခဏလေးပါ ခဏလေးပါ ... ဒီက လူကြီးမင်းက တစ်ခုခုတော့ မှားနေသလားလို့ ... ကျွန်တော်က ချန်ဖေးယွီ မဟုတ်သလို ချန်ဖေးယွီဆိုတဲ့ လူကိုလည်း မသိပါဘူးဗျ  ... ကျွန်တော့်ကို ဘာအထောက်အထားနဲ့များ လာစွပ်စွဲနေတာလည်း မသိဘူး ... ဒီလိုသာ ဆက်လုပ်နေမယ်ဆို ရုံးတော်ကို သွားရလိမ့်မယ်"

ထိုလူသည် မကျေမနပ် နှာမှုတ်သည်။ ပုံပန်းသွင်ပြင်မှာ မျက်နှာပြဲပြဲ၊ မျက်ခုံးကောက်ကောက်၊ နှုတ်ခမ်းထူထူနှင့် အရပ်ကလည်း အတော်ပုသေးသည်။ သူ၏ ဗိုက်နားလောက်သာရှိမည့် အရပ်နှင့် ကက်ကက်လန် ရန်တွေ့နေခြင်းပင်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now