𝑬𝒙𝒕𝒓𝒂 ◈𝟐

478 44 6
                                    

Zawgyi

⭅⭆

"အားး !"

"ချန်ဖေးဖေးယွီ ..."

အော်သံစူးစူးကြောင့် လော်ယွင်ရှီး လန့်သွားရပြီး အလျင်စလို နောက်လှည့်ကြည့်လိုက်မိသည်။ သူနှင့် သုံးလံအကွာလောက်မှာ ရှိနေသည့် ချန်ဖေးဖေးယွီက မျက်နှာကြီး ရှုံ့မဲ့နေကာ၊ လက်တစ်ဖက်ကလည်း ရေပြင်ကို ပုတ်ခတ်နေသည်။ ထို့အပြင် ရေထဲ၌ ရှိနေသည့် နောက်လက်တစ်ဖက်က တစ်ခုခုအား ပွတ်နေသည့်နှယ် လှုပ်ရှားနေသောကြောင့်၊ ရေပြင်ထက် ပေါ်နေသည့် လက်မောင်းရင်းပိုင်းမှာ အပေါ်အောက် ရွေ့လျားနေ၏။ လော်ယွင်ရှီး ချန်ဖေးဖေးယွီထံ ကူးခတ်သွားလိုက်သည်။

"ချန်ဖေးဖေးယွီ ... ဘာဖြစ်လို့လဲ ... ထပ်ပြီး ငါးတွတ်ခံရတာလား"

"အီး ! ဟီး ! ဟုတ်တယ် ... နှစ်ခါရှိပြီ ... အဲ့ငါးတွေ ငါ့ဖင်ကိုပဲ လာလာတွတ်နေတယ် ... တော်တော် ကြိုက်နေကြလား မသိဘူး ... တစ်ကောင်ပြီး တစ်ကောင်ပဲ ... ဗိုက်ဆာရင်လည်း ရေအောက်ထဲ သွားကြပါလား ... ဘယ့်နှယ် ... လစ်ရင်လစ်သလို အတွတ်ခံနေရတာ ... ယွင်ပိုင်တဲ့ ငါ့ဖင်လေးတော့ သွားပါပြီ"

ချန်ဖေးဖေးယွီ၏ ဒေါသထွက်ကာ မကျေမချမ်း ရွတ်ဆိုနေပုံက ချစ်ဖို့ကောင်းသည်။ လော်ယွင်ရှီး သဘောခွေ့စွာ အားရပါးရ ရယ်မောလိုက်မိ၏။ သူ ရေအောက်ထဲက အမြီးလေးအား သုံးလေးချက် ကူးခတ်လိုက်တော့ ချန်ဖေးဖေးယွီ၏ ရင်ခွင်ထဲ တန်းရောက်သွားတော့သည်။ လော်ယွင်ရှီး ထိုသူ၏ ကျစ်လျစ်တောင့်တင်းသော ခါးလေးအား လက်နှစ်ဖက်လုံးဖြင့် ရစ်တွယ်လိုက်ကာ၊ အဲ့ဒီနောက် ငါးတွတ်သွားသော တင်ပါးအား လက်ဖဝါးလေးဖြင့် သာသာယာယာ ပွတ်သပ်ပေးလိုက်သည်။ သူ့အား ပြန်လည် ပွေ့ဖက်ထားသည့် ချန်ဖေးဖေးယွီက ရေစိုနေသော သူ၏ဆံပင်တို့ကို နားရွက်ဘေးသို့ သပ်တင်ပေးလာပြီး၊ အဲ့နောက် လည်တိုင်အား တစ်ချက်ကလေး ဖွဖွနမ်းရှိုက်လာသည်။

"အရမ်းနာတာပဲ ... သွားနဲ့ပါ ကိုက်သွားလား မသိဘူး ... ယွင့်လက်လေးနဲ့ ထိလိုက်မှပဲ မိုးရွာလို့ အမှိုက်တွေ ပြောင်သွားသလို နာကျင်တာတွေ တစ်ခုမကျန် သက်သာသွားတော့တယ် ... ယွင်က ငါ့အတွက်တော့ လျှို့ဝှက် နတ်ဆေးဆရာလေး"

🎉 You've finished reading 𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」 🎉
𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now