𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖 𝑻𝒐 𝑨𝒍𝒍

275 26 0
                                    

Zawgyi

⭅⭆

နောက်ဆုံးတော့ ငါးယောက်မြောက် ကလေးလေး ပြီးသွားခဲ့ပြီ။ TT ကိုယ် အိုင်ဒီယာရတုန်းက OneShot အနေနဲ့ ရခဲ့တာ။ ဇာတ်သိမ်း တွေးပြီးတဲ့အထိ OS အနေနဲ့ပဲ။ အဲ့တုန်းက DEVOTION မပြီးသေးလို့ ပစ်ထားတုန်းရယ်။ နောက်တော့နောက်တော့ ဆယ်ပိုင်းလောက်ရေးရင် ကောင်းမလား စိတ်ကူးမိရော။ တစ်ရက် ကိုယ် LUCA လည်း ကြည့်ပြီးရော ချက်ချင်းကို ရေးချင်စိတ် ဖြစ်လာပြီး အပိုင်း ၁နဲ့၂ကို အသေကုန်းရေးပြီး အရင်တင်ခဲ့တာ။ ဒါနဲ့ပဲ နောက်ဆုံး ၁၅ပိုင်း ဖြစ်သွားတယ် ဆိုပါစို့။

ပြောပြချင်တာက OS အနေနဲ့ အရင်တွေးတော့လေ ဇာတ်လမ်းကို DURLM? လို အတိုချုံ့ပစ်ရင် ကောင်းမလား တွေးမိတယ်။ OS ကို အရှည်ပြောင်းရေးတိုင်း အဲ့လိုကျော်ခွစရာ လိုလို့လားဆို ကိုယ်က နည်းနည်းဂေါက်နေတာ။ xD

DURLM? မှာတုန်းက ဖြစ်တာပျက်တာ အရမ်းမြန်တယ်လေ။ ယူတို့လည်း သိမှာပါ။ အပိုင်း ၈နဲ့၉ ကြားကိုပဲ နှစ်ပိုင်း၊ သုံးပိုင်းလောက် ရေးပြရမှာကို တမင်မရေးခဲ့တာ။ အဲ့ထက်ပိုပြီး ရေးလိုက်ရင်တော့ ဇာတ်က ပိုပြည့်စုံသွားမယ်။ အကြောင်းအရာ ရှင်းလင်းချက် သိပ်မပါတော့ နားမလည်ဘူး ဖြစ်မှာကို စိုးရိမ်ခဲ့မိတယ်။ ဒါပေမဲ့ အဲ့လိုလေး ကြိုက်လို့ကို အဲ့အတိုင်း တင်ခဲ့တာ။ အခုလည်း Edit လုပ်ပြီး လိုအပ်တာလေးတွေ ထပ်ဖြည့်စွက်ထားပေမဲ့ တခြား ရေးထားတာတွေလောက် ဇာတ်က မကောင်းဘူးရယ်။ ကိုယ်လည်း သိပါတယ်။ အဲ့အတွက်လည်း အားနာမိပါတယ်။

နောက် ခဏလေး ပျောက်ပါဦးမယ်။ ဖတ်စရာလေး ရှိလို့။ ရေးချင်တာတွေလည်း အများကြီးပဲ။ လေးလပိုင်းတုန်းက နန်းတွင်းပလော့ ရခဲ့တာ ဇာတ်သိမ်းကိုတော့ အခုထိ မစဉ်းစားရသေး။ TT ကျင့်ကြံရေးပိုင်းလည်း စမ်းချင်တာ အရမ်းခက်မှာသိလို့။ ကိုယ်က စကားလုံး၊ ဗဟုသုတ၊ စိတ်ကူးစိတ်သန်း ဘာဆိုဘာမှ မကြွယ်ဝဘူးလေ။ ဆန်းဆန်းပြားပြားတွေ သိပ်မရေးနိုင်ဘူး။ အဲ့တော့ တစ်ခုခု အဆင်သင့်ဖြစ်ရင် ပြန်လာခဲ့ပါမယ်။ ကြားထဲလည်း OS ဘာညာ တင်ဖြစ်လည်း တင်ဖြစ်မှာပေါ့နော်။

MPPM နဲ့အတူ တောက်လျှောက် လိုက်ပါသူတိုင်းကို အရမ်းအရမ်း ကျေးဇူးတင်ပါတယ်။ ကလေးတွေကို ဝိုင်းချစ်ပေးကြလို့ အားကြီးပျော်ရတယ်။ ကိုယ်တွေအားလုံးက ယွင်နဲ့ချန်ဖေးဖေးယွီတို့ ပေါင်းဖက်သွားတဲ့ ဇာတ်လမ်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ကြတာပါ။ အနာဂတ်မှာ ဒဏ္ဍာရီဖြစ်လာမဲ့ ဇာတ်လမ်းလေးကို ကိုယ်တွေပါ သိနေပါတယ်လို့။ <3

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now