◈𝟏𝟐

332 56 6
                                    

Zawgyi

⭅⭆

"အိမ်သာ ..."

"ဘာကြီး ... မင်း ဘာပြောလိုက်တာ ..."

နောက်ရက် ညမိုးချုပ်တွင် ဖြစ်သည်။ အခန်းတစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်နေသည်။ ထိုင်ခုံပေါ်ရှိ လူနှစ်ဦးက နံရံကိုမှီကာ မှိန်းနေကြပြီး၊ လုမျိုးရိုး၏ တပည့်က လော်ယွင်ရှီး၏ တိုးညင်းလှသော အသံကို ဝေဝေဝါးဝါး ကြားလိုက်ရသောကြောင့် ပြန်မေးလာခြင်းပင်။ လော်ယွင်ရှီးက ထိုသူ့အား မော့ကြည့်လိုက်ပြီး၊ အသံထွက်သည်ဆိုရုံ တိုးတိုးညင်းညင်း ထပ်ပြောလာသည်။ ဒါပေမဲ့လည်း ခုနထက်တော့ အသံက ပီပီသသ ရှိပါ၏။

"အိမ်သာ"

လုမျိုးရိုး၏ တပည့်က မျက်လုံးဖွင့်လိုက်ပြီး လော်ယွင်ရှီးကို စိတ်ရှုပ်စရာကောင်းသော အကြည့်မျိုးနှင့် ကြည့်ပေသည်။

"ဟ့ ! မင်း အိမ်သာပဲ သွားနေတယ် ... မနက်ကလည်း တစ်ခါ ... နေ့ခင်းကလည်း တစ်ခါ ... ရေလည်း အများကြီးသောက်တာ မဟုတ်ဘဲ"

ထိုတပည့် ဖြစ်သူမှာ အပြစ်ဆိုသည့်နှယ် ဗျစ်တောက်ဗျစ်တောက် ပြောလာ၍ မတ်တပ်ထကာ လော်ယွင်ရှီးထံသို့ လျှောက်လာသည်။ သူက မုဆိုးထိုင် ထိုင်ချလိုက်ပြီး နှုတ်ခမ်းတွန့်ကာ လုပ်ပြုံးတစ်ခုကို ဖန်တီးလိုက်ပါ၏။

"မဟုတ်မှလွဲရော ... ထွက်ပြေးဖို့ ကြံနေတာလား"

ထိုစကားကို ကြားလိုက်ရသည့်ခဏ လော်ယွင်ရှီး၏ မျက်ဝန်းထဲတွင် အလင်းစလေးတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွား၏။ သူက မျက်တောင်များကို သုံးလေးချက် ပုတ်ခတ်လိုက်ပြီး လုမျိုးရိုး၏ တပည့်အား မရဲတရဲ ထပ်ပြောလေသည်။

"အိမ်သာ ... ဗိုက်နာနေပြီ"

လုမျိုးရိုး၏ တပည့်က ဟက်ခနဲ ရယ်လိုက်၏။ 

"တကယ်ရော ဟုတ်ရဲ့လား ... မင်းကြည့်ရတာ ဗိုက်နာနေတဲ့ ပုံနဲ့လည်း မတူဘဲ ... လိမ်ပြောရင် ဒီဆွဲကြိုးကို ဖြတ်ယူမှာနော်"

ထိုတပည့်သည် ကမာခွံဆွဲသီးအား ဆိုးခနဲဆတ်ခနဲ ကိုင်လိုက်သည့်အခါ လော်ယွင်ရှီးက နောက်သို့ဆုတ်လိုက်ပြီး ထိုလက်ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ ထို့နောက် စကားတစ်ခွန်းကို ဆို၏။ လေသံထဲ ဒေါသတရားတို့ ပါဝင်နေမှန်း သိသာလှသည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now