◈𝟏𝟎

352 58 0
                                    

Zawgyi

⭅⭆

အချိန်သည်ကား ညဥ့်နက်ချိန် ဖြစ်သည်။ တဖြူးဖြူး တိုက်ခတ်နေသည့် ဆောင်းလေအေးက အောက်ဆီဂျင် မပြတ်စေရန် အနည်းငယ် ဟထားသည့် ပြတင်းပေါက်မှနေ အိမ်အတွင်းထဲသို့ အလည်တိုးဝင်သည်။ အိပ်ခန်းလေးထဲတွင် လူနှစ်ယောက်က အိပ်မောကျလျက်။ လော်ယွင်ရှီးလေးက ချန်ဖေးယွီ၏ လက်မောင်းထက် ခေါင်းအုံးထားပြီး ကွေးကွေးလေး အိပ်နေကာ၊ လက်တစ်ဖက်ကိုလည်း ချန်ဖေးယွီ၏ အင်္ကျီထဲ ထည့်ထားသည်။ တကယ်တော့ လော်ယွင်ရှီးက ချန်ဖေးယွီ၏ ဝတ်ရုံကို အနည်းငယ် ဆွဲဟထားပြီး ရင်ဘတ်ပေါ်သို့ လက်တင်ကာ အသားချင်း ထိကပ်ထားလျက် အနွေးဓာတ်ရရန် ပြုလုပ်ခြင်းပင်။

လေတိုက်သောကြောင့် ဖြစ်ပေသည်လား။ အိမ်ရှေ့ ပြတင်းတံခါးမှာ ကျွီခနဲ အသံမြည်လျက် အဆုံးထိ ပွင့်သွားသည်။ အသံသည် တိုးညင်းသော်လည်း အအိပ်ဆတ်သည့် ချန်ဖေးယွီက ထိုသေးငယ်သော အသံကို ကြားရုံနှင့်ပင် နိုးတော့မယောင် ဖြစ်လာသည်။ အရင်နေ့များဆိုလျှင် ဘာမှတွေးတောမနေဘဲ ပြန်အိပ်လိုက်မှာပေမဲ့၊ ဒီနေ့သည်က စိတ်ရှုပ်စရာပေါင်း သောင်းခြောက်ထောင်ကို ခံစားလိုက်ရ၍ ထင်သည်။ သူ မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်မိပေ၏။ စိတ်ထဲတွင် ရုတ်တရက် တစ်စုံတစ်ရာကို သင်္ကာမကင်း ဖြစ်နေမိသည်။ မသိလျှင် တစ်ယောက်ယောက်က သူ့အား ချောင်းရိုက်တော့မည့်အလား။ ထူးထူးဆန်းဆန်းပင်။ ရုတ်ခြည်း နောက်ကျောမလုံ ဖြစ်လာ၏။

ချန်ဖေးယွီ စိတ်ထဲ၌ သက်မချလိုက်ပြီး ပြန်အိပ်ဖို့ရာ မျက်လုံးများအား ပိတ်လိုက်သည်။ မထင်မှတ်စွာပဲ ကြမ်းခင်းနှင့် တစ်စုံတစ်ခု ထိတွေ့သော ရှပ်ဆိုသည့် အသံကို အိပ်ခန်းအပြင်ဘက်မှ ကြားလိုက်ရသည်။ အသံမှာ သိပ်ကို တိုးလွန်းသဖြင့် မသိလျှင် လေတိုက်သည်ဟုသာ ထင်မိလောက်စေ၏။ သူ မျက်လုံးများကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။ သူခိုးပီပီ အရာရာကို သတိတကြီး ထားတက်သည့်အတွက် ထိုအသံအား နောက်တစ်ကြိမ် ထပ်ကြားရရန် စူးစိုက်နားထောင်နေစဉ်၊ ရုတ်တရက် အိပ်ခန်းထဲသို့ အရိပ်တစ်ခု ဝင်လာသည်ကို ဖျတ်ခနဲ သတိထားလိုက်မိပြီး၊ ၎င်းက သူ့ဘေးရှိလူအား တစ်ခုခုလုပ်ရန် လက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now