◈𝟕

425 66 5
                                    

Zawgyi 

⭅⭆

သစ်သားအိမ်လေး၏ အိမ်နောက်ဖေး အပြင်ဘက်တွင် ကျောက်ပြားကြီးတစ်ချပ် ရှိသည်။ လွတ်လွတ်လပ်လပ် အဝတ်လျှော်နိုင်ရန် ချန်ဖေးယွီက ထားထားခြင်း ဖြစ်သည်။ အခုလည်း ချန်ဖေးယွီက သစ်သားရေပုံးကို ဘေးချထားပြီး လော်ယွင်ရှီး၏ အဝတ်များအား တဖွပ်ဖွပ် ထိုင်လျှော်နေသည်။ လော်ယွင်ရှီးက ရေစီးကြောင်းနှင့်လွတ်ရာ မြေကြီးပေါ်တွင် ဆောင့်ကြောင့်လေးထိုင်၍ ဘေးက အပင်ပေါက်တစ်ခုကို လက်ညှိုးလေးနှင့် အသာတို့ထိ ဆော့ကစားနေ၏။ သူက ချန်ဖေးယွီကိုကြည့်ကာ ပျင်းရိပျင်းတွဲ ခေါ်ဆိုလာသည်။

"ချန်ဖေးဖေးယွီ"

"ဗျာ"

ချန်ဖေးယွီက အဝတ်ပေါ်သို့ အမွှေးဆီ အနည်းငယ် လောင်းထည့်လိုက်ရင်း ဖြေသည်။ လော်ယွင်ရှီးလေးက သူ၏ လုပ်ကိုင်ပုံတို့ကို ငေးကြည့်နေ၏။

"ချန်ဖေးဖေးယွီ"

"ဗျာ"

"ချန်ဖေးဖေးယွီ"

ဆက်တိုက်ခေါ်နေမှုကြောင့် ချန်ဖေးယွီက လော်ယွင်ရှီးနှင့် အကြည့်ချင်း ဆုံစေလိုက်ပြီး အရယ်စွက်ကာ ပြောသည်။

"ဟော ... ဗျာလို့ထူးတယ်လေ ... ယွင်လေးက ဘာပြောမလို့လဲ"

လော်ယွင်ရှီးက ပြန်မဖြေပေ။ ချန်ဖေးယွီက အဝတ်ဆက်လျှော်ပါ၏။

"ချန်ဖေးဖေးယွီ ..."

"ကဲ အာဘွားပေးခိုင်းမလို့လား ... အခု ပေးရမှာလား ... မစောင့်နိုင်တော့ဘူးပေါ့"

ချန်ဖေးယွီက နောက်လိုက်သည့်အခါ လော်ယွင်ရှီးက မကြိုက်သည့်ဟန် မျက်နှာကို ဆူဆူပုတ်ပုတ် လုပ်ပြသည်။ ချန်ဖေးယွီက မျက်ခွံတို့ကို ပင့်ကြည့်ကာ ၎င်းချစ်စဖွယ် မျက်နှာလေးကြောင့် မနေနိုင်စွာ သဘောတကျရယ်၏။

"ပြီးရင် နမ်းမယ်လေ ယွင်ရာ ... ခဏစောင့်ပါဦး ... မနက်ကလည်း အာဘွားပေးပြီးပြီကို ..."

"လျှောက်မပြောရဘူး ... ငါက ချန်ဖေးဖေးယွီကို ပျင်းလို့ခေါ်တာ ... ဒီတစ်ထည်ပြီးရင် ပြီးပြီမလား ... ငါ တကယ်ပျင်းနေပြီ ... ချန်ဖေးဖေးယွီက အလုပ်တွေပဲ လုပ်နေတယ်"

𝐌𝐲 𝐏𝐫𝐞𝐭𝐭𝐲 ◈ 𝐏𝐫𝐞𝐭𝐭𝐲 𝐌𝐞𝐫𝐦𝐚𝐧 「𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝」Where stories live. Discover now