[Unicode]
နှစ်ပေါင်း၈၀၀အိပ်ပျော်နေခဲ့ပြီးနောက်
ကြီးမြတ်တဲ့နတ်ဆိုးပိုင်ကျီ ဟာ၂၁ရာစုမှာ
နိုးထလာခဲ့တယ်။ မမျှော်လင့်ထားဘဲ ခေတ်သစ်ကမ္ဘာကို နေရာအနှံ့ရှာကြည့်ပြီး
သိလိုက်ရတာကတော့ စိတ်ဝိညာဉ်သီး တွေဟာမျိုးသုဥ်းပျောက်ကွယ်သွားပြီဆိုတာပါပဲ။ ဖြစ်ချင်တော့ သူဗိုက်ဆာလွန်းလို့သေမတတ်
ဖြစ်နေချိန်မှာပဲ system ကရောက်ရှိလို့လာခဲ့တယ်။"မင်းသာ ကြီးမြတ်တဲ့ဗီလိန်ကြီးကို သေနတ်ပစ်ချက်တွေဆီကကာကွယ်ပေးရင် စိတ်ဝိညာဉ်သီးအလုံး၂၀ကိုရရှိလိမ့်မယ်"
သူ့ခန္ဓာကိုယ်ကိုပြန်ကြည့်လိုက်တော့ ဆန်ခါနဲ့ရိုက်ထားသလိုအပေါက်တွေဖြစ်နေတာကိုတွေ့လိုက်ရတဲ့ ပိုင်ကျီ: "အိုး"
(N:သေနတ်တွေနဲ့အပစ်ခံရလွန်းလို့ ဆန်ခါလို အပေါက်တွေဖြစ်ကုန်တယ်လို့ပြောတာပါ)
"ကြီးမြတ်တဲ့ဗီလိန်ကြီးအတွက် ကြားခံအစားထိုးလုပ်ပေးမယ်ဆို စိတ်ဝိညာဉ်ရည် ပုလင်း၅၀ ကိုရရှိလိမ့်မယ်"
သူ့မျက်နှာပေါ်ကအနက်ရောင်ပြာတွေကိုထိလိုက်တဲ့ပိုင်ကျီ: "ပြီးပြီ"
( N:ဗုံးဖောက်ခံလိုက်လို့ရလာတဲ့ပြာတွေလို့ထင်တာပဲ။)
"ဗီလိန်သခင်ကြီးရဲ့အစား သေခြင်းတရားနဲ့တွေ့ဆုံပေးမယ်ဆိုရင်တော့ မင်းကို
ရာနဲ့ချီတဲ့ စိတ်ဝိညာဥ်သားရဲကင် တွေကိုလက်ဆောင်အဖြစ်ပေးမယ်"ပိုင်ကျီသူ့ကိုယ်ထဲစိုက်ဝင်နေတဲ့ဓားကြီးအားတိတ်တဆိတ်ပဲဆုပ်ကိုင်လိုက်ကာ
"အသားကင်ကအရမ်းစပ်ရမယ်နော်"ယုံမှားဖွယ်မရှိတဲ့ဗီလိန်ကြီး: "မင်းကငါ့ကိုအဲ့လောက်ကြိုက်နေမှတော့ ငါမင်းအတွက် ၉ဒေါ်လာတန် လက်ထပ်လိုင်စင် ရယူဖို့အခွင့်အရေးပေးမယ်"
အသားကင်တွေရဲ့အလယ်မှာနေပြီးတိတ်တိတ်လေးကိုက်စားနေတဲ့ ပိုင်ကျီ: "အာ?"
ပြဇာတ်ရုံငယ်လေး:
ဗီလိန်အစား အထိုးခံပေးလိုက်တဲ့ပိုင်ကျီ____
ပိုင်ကျီရဲ့အတွေး: "လူသားတွေရဲ့အားကပျော့လွန်းတယ်"
အဆိုပါထိုးနှက်ချက်: "ငါဒီလောက်ထိုးတာတောင်သူကဘာလို့မသေသေးတာလဲ"

أنت تقرأ
ငါဗီလိန်ကြီးရဲ့Fan boyတစ်ယောက် ဖြစ်လာပြီ(MM Translation)
خيال (فانتازيا)Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန်ကြီးရဲ့Fan boy တစ်ယောက်ဖြစ်လာပြီ) Author: 不著一字 (Zawgyi +Unicode) #this is not my own story #just translation #credit to Author Stated Date: (6.7.2021)