[Unicode]
မင်း သူ့ကိုချစ်လား?ဒီမေးခွန်းအတွက်ကျနော့မှာအဖြေမရှိ
အမြဲတမ်းသူနဲ့ပဲအတူရှိနေချင်တယ်
သူနဲ့အတူရှိရင်ပျော်တယ်
သူ့နားကိုတခြားသူကပ်ရင်လည်းမကြိုက်ဘူး
သူကလည်းကိုယ်တစ်ယောက်ထဲကိုပဲဂရုစိုက်စေချင်တယ်
တခြားသူတွေဘယ်လိုထင်ထင်ဂရုမစိုက်ဘူး
ဒီအတိုင်း သူ ကျနော့ဘေးနားမှာအမြဲတမ်းရှိနေဖို့ပဲ....
ဆောင်းရာသီအတန်းတွေပြန်ဖွင့်ချိန်
မြောင်အင်းတက္ကသိုလ်၏ စီးပွားရေးမေဂျာအခန်းတွင်ဖြစ်သည်
"မင်း jaeminကိုဘယ်လိုထင်လဲ? "
နောက်ခုံမှ haechanကrenjunရဲ့လက်မောင်းကိုရိုက်ကာ ဗြုန်းစားကြီးထမေးလာ၏
" Jaemin? "
renjunမျက်လုံးလေးများမြှေးဆင်းသွားသည်အထိပြုံးလိုက်ပီးမှ
"အရမ်းလိမ်မာတဲ့ကောင်လေးပေါ့ "
Haechanကခေါင်းကိုအတွင်တွင်ခါယမ်းပြီးမှ
"အင်းး !မင်း လိမ်မာတယ် မလိမ်မာဘူးကိုဘယ်လိုစံနှုန်းတွေနဲ့များသတ်မှတ်ထားလဲဟင် "
renjunကစဉ်းစားချင်းအလျှင်းမရှိမဆိုင်းမတွပင်ပြန်ဖြေ၏
" ပြောစကားနားထောင်တယ် ချစ်ဖို့လဲကောင်းတယ်လေ "
တကယ် တကယ် haechanမှာပြန်ပြောစရာစကားတောင်မရှိတော့
ဘုန်းတော်ကြီးဆိုတဲ့နံမည်ပြောင်နဲ့တကယ့်ကိုလိုက်ပါ၏
Jaeminဘယ်လောက်ဆိုးလဲတစ်ကျောင်းလုံးသိသော်လည်း တစ်ခြားသူတွေရဲ့စကားဆိုမျက်စိပိတ်နားပိတ်ထားတဲ့ ဒီကောင်က jaeminကိုလိမ်မာသတဲ့လေ
တခြားသူတွေနဲ့ဆိုမြေခွေးမျက်လုံးတေွနဲ့အမြဲတမ်းမာန်ဖီတက်တဲ့ jaeminဆိုတဲ့ကောင်က renjunရှေ့ပဲ ကြောင်လေးလိုအမြှီးတစ်ယမ်းယမ်းနဲ့ချွဲနေတက်တဲ့ကောင်ဆိုတာ renjunသိအောင်haechanပြောပြချင်လှပါ၏
"Renjun! တကယ်တော့လေ ငါအရင်ထဲက မင်းကိုဆက်ဆက်ပြောပြချင်တဲ့အကြောင်းရှိတယ် "
"အင်း! ပြောလေ "
"တကယ်တော့လေ Jaeminက ..."
"ကျနော်ကဘာဖြစ်နေလို့လဲ "
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့