[Unicode]
'နာယာ'
ကျောက်သားပေါ်မှာသေသေသပ်သပ်ထွင်းထုထားတဲ့စာလုံးလေးက မီးခိုးမှိုင်းတွေနှင့်ဖုံးလွှမ်းနေကာ သေချာမမြင်နိုင်လောက်အောင်ဖြစ်နေ၏
ထိုစာလုံးရဲ့အနောက်ဘက်ခပ်လှမ်းလှမ်းမှာတော့ စုရုံးကာငိုကြွေးနေကြတဲ့ လူတွေကဟိုတစ်စုဒီတစ်စု ...ဒီနေရာမှာတကယ်ပဲမီးပင်လယ်ကြီးဝေသွားခဲ့တယ်ဆိုတာမယုံနိုင်စရာမရှိ....မနေ့တစ်နေ့ကလေးတင် ပြားပန်းခတ်စည်ကားနေခဲ့တဲ့နေရာလေးက ချက်ချင်းတစ်စပြင်ပမာပြောင်းလဲသွားတာကြောင့် renjun့လက်ဖျားများအေးစက်လာကာ အနည်းငယ်တုန်ယင်နေသည်
ဆုပ်ကိုင်ခံထားရဲ့လက်ကလေးတင်းသွားတာကြောင့်ဘေးနားကကောင်လေးဆီမော့ကြည့်မိတော့ စူးရှတဲ့မျက်ဝန်းတစ်စုံနဲ့ဆုံသည် အမြဲတမ်းတဖျက်ဖျက်လက်နေခဲ့သော မျက်ဝန်းတွေကအခုအချိန်မှာတော့ နီရဲနေပြီး အနည်းငယ်ထိတ်လန့်တုန်လှုပ်နေသယောင်
Renjunအားနေတဲ့လက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားသောလက်လေးအားဖွဖွပုတ်ပေးလိုက်ကာ
"အဆင်ပြေလောက်မှာပါ "
Renjun jaeminကိုနှစ်သိမ့်ပြီးတာနဲ့ jaeminလက်ထဲကလက်ကိုဆွဲထုတ်ပြီး တံတားတစ်ဖက်ကအိမ်လေးရှိရာဆီအားတင်းပြီးလျှောက်ခဲ့သည်
ကူကယ်ရာမဲ့နေတဲ့မျက်ဝန်းတွေက renjun့ကိုယ်ပေါ်တစ်လမ်းလုံးကပ်ပါလာ၏
သူတို့ငါ့ကိုမုန်းနေကြမှာပဲ!Renjunအိမ်ရှေ့ခြံဝန်းထဲကိုခြေချလိုက်တာကိုမြင်သည်နှင့် ဒေါ်ဒေါ်နဲ့Chenleကအိမ်ထဲကနေအပြေးကလေးထွက်လာ၏
"Renjun!"
"ကော! "
"ဒေါ်ဒေါ်တို့အားလုံးအန္တရာယ်ကင်းကြရဲ့လား?"
"ဒေါ်ဒေါ်တို့ကတော့အန္တရာယ်ကင်းပါတယ်ကွယ်! ဒါပေမဲ့ ခေါင်းရင်းအိမ်က၂နှစ်ကလေးလေးမီးတောထဲမှာပိတ်မိသွားတယ် "
နွမ်းလျနေတဲ့ဒေါ်ဒေါ်ရဲ့စကားကြောင့်renjunကိုယ်တိုင်လည်း နာကျင်လာရသည်
၂နှစ်အရွယ်ကလေးတဲ့!
လူမမယ်ကလေးလေးက ဘာလို့များဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရပါလိမ့် ....
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့