5

358 61 12
                                    

[Unicode]
"Renjun!!ဒါလေး xxကိုပို့ပေးပါဦး "

"ဟုတ် "

ဆိုင်ပိုင်ရှင်ပေးတဲ့အထုတ်ကိုနောက်ကboxထဲထည့်ကာ စက်ဘီးစီးပြီးထွက်လာခဲ့လိုက်သည်

ပို့ရမဲ့အိမ်ကဒီအိမ်ထင်တယ် ...

Renjunစက်ဘီးပေါ်ကဆင်းပြီးလူခေါ်bellကိုနှိပ်လိုက်တော့ ခပ်ရွယ်ရွယ်ကောင်မလေးတစ်ယောက်ထွက်လာပြီးအထုပ်ကိုလာယူ၏

"ဒီမှာsignလေးထိုးပေးပါ "

"ဟုတ် "

ကောင်မလေးပြန်ပေးလာသောစာရွက်လေးကိုယူကာrenjunအချိန်ပိုင်းလုပ်ရာဆိုင်ဆီပြန်နင်းလာခဲ့လိုက်သည်

ဆိုင်အပြန်လမ်းတစ်နေရာတွင်တော့

Jaeminနဲ့တူလိုက်တာ

Renjunစက်ဘီးရပ်ပြီးကြည့်လိုက်တော့ တကယ်jaemin ပင်

ကျောင်းမှာ အနိုင်ကျင်တယ်လို့ နံမည်ကြီးနေတဲ့အမြွှာညီအကိုနှစ်ယောက်နဲ့

Jaeminကတော့စကားတပြောပြောနဲ့renjun့ကိုမမြင်‎ေပ

Renjunလည်းဆိုင်တံခါးဖွင့်ပြီးဝင်လိုက်ကာ ထိုဝိုင်းဆီတန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်

"jaemin!!"

Jaeminကrenjun့ကိုမြင်တော့မှမလုံမလဲနှင့်လက်ထဲကဘီယာခွက်ကို အမြန်ချလိုက်ကာ

"အာ! Renjun!!"

"ဒီမှာ သူတို့နဲ့ဘာလုပ်နေတာလဲ? "

"အဲ့ဒါက ဒီလိုပဲလမ်းမှာအမှတ်တမဲ့ဆုံလို့"

Renjunကထိုနှစ်ယောက်အားမကျေနပ်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ကာjaeminဘက်လှည့်ပြီး

"ငါနဲ့ ခနအပြင်လိုက်ခဲ့ "

"အင်းအင်း "

ဆိုင်အပြင်ရောက်သည်နှင့်renjunကjaeminရင်ဘက်ကိုရိုက်ကာ

"မင်းတကယ်ပဲမသိဘူးလား? "

"ဘာဖြစ်လို့လဲrenjunရဲ့? "

Jaeminမသိချင်ယောင်ဆောင်ကာမေးလိုက်တော့ renjunကစိတ်ကိုလျော့ကာအေးအေးဆေးဆေးရှင်းပြ၏

"သူတို့ ညီအကိုနှစ်ယောက်ကလေ တကယ်မကောင်းဘူး "

"မင်းသူတို့နဲ့မပေါင်းသင့်ဘူး "

fireflyWhere stories live. Discover now