9

333 56 9
                                    

[Unicode]

renjunပျောက်နေတာ ဒီအပတ်နဲ့ဆို နှစ်ပတ်မြောက်ရှိပြီဖြစ်သည်

ဟယ်ချန်းနဲ့jisungလည်းနေ့တိုင်းဘုရားကျောင်းရှေ့သွားကာ သိလိုသိငြား မေးမြန်းသော်လည်း ဘယ်သူမှရေရေရာရာမဖြေကြ အနှင်ထုတ်သာခံရ၏

နောက်ဆုံး စိတ်မရှည်တဲ့အဆုံးjaeminကိုphoneခေါ်လိုက်ကာ

"Jaemin! မင်းrenjunနဲ့အဆက်အသွယ်ရသေးလား? "

Jaeminကအိပ်ချင်မူးတူးအသံနှင့်

"ဟအင်း!  Renjunဘာဖြစ်လို့လဲ? "

"မင်းနဲ့ ငါ့hyungဆိုင်မှာတွေ့ပြီးတဲ့နေ့ထဲကပျောက်နေတာ မင်းတကယ်မသိဘူးလား? "

"ကျစ်! အဲ့ဒါငါ့ကို ဘာလို့အခုမှပြောရတာလဲ? ဘုရားကျောင်းမှာရောမရှိဘူးလား ?မင်းတို့သေသေချာချာလိုက်မရှာဘူးလား? "

"ဘုရားကျောင်းက လူတွေကလည်းနှုတ်ပိတ်နေတယ် ..ကျစ်!စိတ်ပျက်စရာ "

"ငါ အခု ဘုရားကေျာင်းကိုလာခဲ့မယ် မင်းတို့လည်း အဲ့မှာပဲစောင့်နေ "

Jaeminအပေါ်ဝတ်အကျီတစ်ထည်ကိုယူဝတ်ကာ ဘုရားကျောင်းဆီသွားရာလမ်းဘက်ထွက်လာခဲ့လိုက်သည်

ကျစ်!   ငါတော်တော်စောက်ရူးထခဲ့တာပဲ

Renjunနဲ့တွေ့ပြီးနေ့ထဲက jaeminအခန်းထဲကအခန်းပြင်မထွက်ပဲအရက်ချည်းပဲလိှမ့်သောက်နေခဲ့သည်

Haung renjunကပျောက်သွားတာတဲ့လား?

Jaemin ကားစတီယာတိုင်ပေါ်ကိုင်ထားတဲ့လက်တွေတုန်ယင်လာပါ၏

ဘုရားကျောင်းရှေ့မှာကားရပ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်တော့ အရှေ့မှာစောင့်နေတဲ့haechanတို့နှစ်ယောက်လည်းjaeminဘေးနားရောက်လာကြသည်

"ဘာတွေဖြစ်ကုန်တာလဲ? Renjunကဘယ်ရောက်သွားရတာလဲ? ဘုရားကေျာင်းထဲသေချာရှာပီးပီလား? "

Jaeminရဲ့တန်းစီပီးမေးလာတဲ့အမေးကိုhaechanက အသံတုန်တုန်ဖြင့်

"အဲ့ဒါတွေအားလုံးမင်းကြောင့်ပဲ! မင်းသား အဲ့နေ့ညကrenjun့ကိုနာကျင်အောင်မပြောခဲ့ရင် "

"အဲ့လောက်နဲ့ထွက်သွားရအောင် renjunကပျော့ညံနေတဲ့ပုံများပေါက်နေလို့လား?  သေချာအောင်မေးရမယ် သူတို့renjun့ကိုတစ်ခုခုလုပ်လိုက်တာသေချာတယ် "

fireflyWhere stories live. Discover now