[Unicode]
တစ်လမ်းလုံးတိတ်ဆိတ်စွာပါလာတဲ့renjun့အားhaechanကဘုရားကျောင်းရှေ့ကိုရောက်မှစကားစ၏"အဆင်ပြေရဲ့လား?
renjunကဘာမှပြန်မပြောပဲခေါင်းသာငြိမ့်ပြ၏
"ငိုချင်ရင်ငိုလိုက် တင်းခံထားမနေနဲ့ "
"ဘာမှန်းမသိတဲ့ခံစားချက်ကြီးက ငါ့ကိုသတ်နေသလိုပဲ "
ဟုဆိုကာ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး ငုတ်တုတ်လေးထိုင်ချလျှက်ငိုတော့၏
"အဲ့လောက်တော့ရှိမယ် ငါသတိပေးနေတာကိုသာမင်းကအရေးတယူရှိခဲ့ရင် ဒီနေ့လိုနေ့မျိုးမှာ ဒီလောက်ခံစားရမှာမဟုတ်ဘူး သိရဲ့လား? "
Haechanကတဗျစ်တောက်တောက်ပြောကာrenjun့ကျောကိုပုတ်ပေးရှာ၏
10မိနစ်လောက်အကြာငိုလိုက်ပြီးမှrenjunကခေါင်းမော့လာကာ
"ငါ အထဲဝင်တော့မယ် နောက်ကျနေပြီ "
ွ"အင်း...ငါပြန်ပြီ Mondayတွေ့မယ်"
"အင်း "
Haechanကိုနှုတ်ဆက်ပြီး ဘုရားကျောင်းဝန်းထဲဝင်လာတော့ထူးထူးဆန်းဆန်း ဘုရားကျောင်းတစ်ခုလုံးမီးထိန်ထိန်လင်းနေတာကိုတွေ့ရ၏
ဘာများဖြစ်တာလဲဆိုတဲ့အတွေးနဲ့ဘုရားကျောင်းထဲဝင်လိုက်တော့ renjun့အားမွေးစားလာပေးခဲ့တဲ့ဘုန်းတော်ကြီးပီတာနှင့်အတူ ဘုရားကျောင်းမှဘုန်းတော်ကြီး ငါးဦးခန့်ကိုတွေ့ရ၏
"ပီတာ hyung!!ဘယ်တုန်းက ပြန်ရောက်တာလဲ? "
"ခုနလေးမှပဲ ...Renjun!မင်းဘယ်တွေလျှောက်သွားနေတာလဲ? "
Renjunကဘုန်းတော်ကြီးအားလုံးရှေ့မှာဒူးထောက်လိုက်ကာ
"ကျနော်! တောင်းပန်ပါတယ် စည်းကမ်းဖောက်ဖျက်မိပါတယ် ဘုန်းတော်ကြီးတို့ကြိုက်တဲ့ပြစ်ဒဏ်ကိုပေးအပ်ပါ ကျနော် Renjun ကျေးကျေးနပ်နပ်လက်ခံပါတယ် "
"ဘယ်စည်းကမ်းကိုပြောတာလဲrenjun? မင်းဖောက်ဖျက်ခဲ့တဲ့စည်းကမ်းကပြစ်ဒဏ်သေးသေးလေးတွေနဲ့ချေဖျက်လို့ရမယ်ထင်လား? "
ထိုဘုန်းကြီးရဲ့ ခပ်တင်းတင်းပြောလာတဲ့စကားကိုပီတာhyungက
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့