[Unicode]
နေ့တိုင်းက ထိုသို့ပင် အေးအေးချမ်းချမ်းနဲ့ကုန်လွန်လာခဲ့ပါ၏
Chenleရဲ့နေ့မြင်ညပျောက် ပုံစံကိုပင်renjunအသားကျလာရပြီး တစ်ချို့တစ်ချို့သောကိစ္စတွေကိုပင် ဒေါ်ဒေါ်မသိအောင်ဖြေရှင်းပေးတက်လာသည်
"Zhong chenle !!အဲ့ဒါဘယ်တုန်း "
"ဟာာာ!"
တံတားအရှေ့တွင်ပင်အမိဖမ်းခံလိုက်ရသောchenleက ဆံပင်တွေကိုလက်ဖြင့်ဖွထုတ်လျှက် ငြီးညူလာ၏
"အဲ့ဒီ့နေရာကိုထပ်သွားဦးမလို့လား? ဒီလောက်ခံထားရတာတောင်မမှတ်သေးဘူးလား? "
"အော်! ကောကလည်း လောင်းကစားဆိုမှတော့ အရှုံးလည်းရှိသလို အနိုင်လည်းရှိတယ်လေ ...don't worry! ဒီနေ့ကျနော် ကျိန်းသေနိုင်မှာ"
" မင်းကတော့ အဲ့ဒီ့လောင်းကစားရုံပိုင်ရှင်ရွှေတွဲလွဲငွေတွဲလွှဲအဒေါ်ကြီးကိုမလုပ်ကျွေးရရင်ကိုမနေနိုင်တာပဲနော် "
Chenleကrenjun့ပုခုံးကိုဖွဖွပုတ်လျှက်
"ကဲ ဖယ် ဖယ် နိုင်လည်းမနိုင်ပဲနဲ့ ဆူပူမနေနဲ့တော့ ...."
ဟုဆိုကာ လောင်းကစားရုံမှာတစ်လလောက်သွားနေလိုက် အိမ်မှာတစ်ရက်လောက်လာပြန်နေလိုက်ဖြစ်သော သူ့ဆိုင်ကယ်ကြီးကိုစီးကာထွက်သွားတော့၏
Renjunကတော့ထုံးစံအတိုင်းပင် ဒေါ်ဒေါ်ကိုအမျိုးမျိုးပလီပေးရဦးမည်
.
ဒီနေ့Chenleအတော်လေးအသဲပေါက်သည်
ဘယ်ကမှန်းမသိတဲ့အကောင်ပေါက်ကလေးကို ရှုံးနေရတာ တော်တော်သိက္ခာကျစရာပင်
ဒီထပ်ပိုပြီးသိက္ခာကျစရာကတော့ chenleဆီမှာအကုန်ပြောင်သွားပြီး အခုတစ်ပွဲက ထိုကောင့်ဆီကချေးထားတဲ့ပိုက်ဆံနဲ့ဆော့နေရချင်းပင်
"ကဲ! ဒီဟာအကုန်လောင်းတယ် "
Chenleကရှေ့မှာရှိသမျှ အကြွေစေ့တေွအားလုံးကို အလည်ကိုပို့လိုက်ကာပြောလေတော့ ထိုအပြုံးချိုချိုနဲ့အကောင်ပေါက်က လည်းသူ့မှာရှိသမျှ အကုန်အလယ်ကိုထိုးပေးလာ၏
"ကျနော်ရောပဲ! ကဲ စလိုက်တော့ "
ကတ်ကိုင်တဲ့ကောင်မလှလှလေးက လက်သွယ်သွယ်လေးဖြင့် ကတ်တစ်ကတ်ကိုထုတ်ယူကာ အရှေ့ကိုချလိုက်၏
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့