[Unicode]
မနက်စာအသင့်ပြင်ထားသော ထမင်းဝိုင်းကိုjaeminလှမ်းမြင်လိုက်တာနှင့် အလိုလျှောက် နှာခေါင်းရှုံ့မိသည်ထုံးစံအတိုင်း ထမင်းစားပြီးရင်သိမ်းဆည်းဖို့စောင့်နေသော ကောင်မလေးနှစ်ယောက်မှလွဲ၍ဘယ်သူမှရှိမနေ
ဖေဖေက အပြင်မှာအိပ်ပုံရပြီး မေမေကတော့ညကဝိုင်းကောင်းလို့အိပ်ယာထနောက်ကျသည်ထင်
Jaemin ခုံမှာဝင်မထိုင်ပဲ ပေါင်မုန့်တစ်ချပ်ကိုယူပြီးပါးစပ်မှာကိုက်လျှက် ကျောင်းသွားဖို့ရန်ထွက်လာခဲ့လိုက်သည်
စီတန်းရပ်ထားသော အိမ်ကကားတွေကိုလစ်လျှူရှု့ကာ busကားပေါ်ခုန်တက်လိုက်သည်
ဒီနေ့ renjun့ကိုသွားကြိုမည်
"Renjun!! ကျနော်ဒီမှာ "
ကျောပို့လွယ်အိတ်လေးတယမ်းယမ်းနဲ့ပြေးလာတဲ့renjunက jaeminကိုတွေ့တော့ ခပ်နွမ်းနွမ်းပြုံးပြလာ၏
"အိပ်ယာထနောက်ကျတာလား? "
Jaeminကြိုတင်နေရာယူပေးထားတဲ့busကားခုံပေါ် renjunက ထိုင်လိုက်ရင်း
"ဟအင်း ကလေးတွေကိုပြင်ဆင်ပေးနေရလို့ "
"ကလေးတွေက ငါတို့renjunလေးကို အတော်လေးအနှောက်အယှက်ပေးတယ်နဲ့တူတယ် "
"သူတို့ကအနှောက်အယှက်မဟုတ်ပါဘူး ငါကအဲ့လိုလုပ်ပေးရတာပျော်တယ်လေ "
"ဒါပေမဲ့ ကျနော်ကrenjunမနက်တိုင်းပြေးနေရတာကိုကြည့်ပီးအနှောက်အယှက်ဖြစ်တယ်လေ "
Jaeminမျက်နှာကပြုံးနေသော်လည်းသိသိသာသာပင်မကျေပုံပြနေပါ၏
Renjunကjaeminရဲ့ဆံပင်လေးတေွကိုတိုးဖွလျှက်
"ငါနောက်နေ့မပြေးရအောင်လုပ်ပါ့မယ် ဟုတ်ပီလား? "
ထိုအခါမှပင် Jaeminကနှုတ်ခမ်းကိုကိုက်လျှက် ပြုံးကာခေါင်းညိမ့်လာပါ၏
.
အင့်
အင့်
"အဟက်!ဘယ်လိုတွေလာကြည့်နေတာလဲ? သေချင်လို့လား? "
အထိုးအကျိတ်ခံနေရသောထိုကောင်လေးက markစကားကို ဂရုမစိုက်အံတင်းတင်းကြိတ်ကာjaeminကိုသာစောင်ကြည့်နေ၏
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့