[Unicode]
"အဲ့ဒါ ကျနော့ကိစ္စ အဖိုးနဲ့ဘာမှဆိုင်ဘူး "
"......"
"ကျနော့ကိစ္စ ကျနော်ကြည့်လုပ်မယ်"
"....."
အိမ်မက်လိုလို တကယ်လိုလို ပြတ်တောင်းပြတ်တောင်းစကားလုံးတေွကြောင့် renjunနိုးလာရသည်
မနေ့ညက အနည်းငယ်သောက်ခဲ့မိတာကြောင့် ခေါင်းတွေမူးနောက်နေကာ မျက်လုံးချက်ချင်းမဖွင့်နိုင်ပဲဖြစ်နေ၏
Jaeminရဲ့ဒေါသသံစွက်နေတဲ့အသံကို တော့တစ်ချက် တစ်ချက် မပီမပြင်ကြားနေရသည်
ဘယ်သူနဲ့ရန်ဖြစ်နေတာလဲ?
ခေါင်းမူးတာနဲနဲသက်သာသွားသည်နှင့် ညကအကြောင်းအရာတွေကrenjun့ခေါင်းထဲအစီအရီဝင်လာတော့ မဖွင့်နိုင်တဲ့မျက်လုံးတေွပါပြူးကျယ်ဝိုင်းစက်သွားရသည်
အိပ်ယာပေါ် ကပြာကယာထိုင်ကာ ဝတ်စုံကိုပြုပြင်ယူနေတုန်းရှိသေး jaeminက ပြတင်းပေါက်ဘက်ကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ကုတင်ဘက်ကိုလျှောက်လာတာကြောင့် renjun့ခမျာ ရေချိုးခန်းထဲပြေးဝင်လိုက်ရသည်
ဟင်းးး ရှက်စရာကောင်းလိုက်ပါဘိ
Jaeminကုတင်နားရောက်တော့ ကောကိုမတွေ့တော့
ဟင်? အစောလေးကတင်ထိုင်နေတာမြင်လိုက်သလားလို့
Jaeminရေချိုးခန်းရှေ့ထိဆက်လျှောက်လာလိုက်ကာ
"ကော!"
"...."
"ကော! "
"...."
အထဲကပြန်မထူးလာသော်လည်း jaeminကတော့ လက်မလျှော့ပဲထပ်ခေါ်မြဲ
"ကော! "
"ရှူးပေါက်နေတယ်ဟေ! "
စောင့်အာင့်ကာ ထူးလာသောအသံလေးကိုကြားမှ jaeminပြုံးလိုက်ကာ
"ဘေစင်ဘေးက ခုံမှာ ကောအတွက်အဝတ်တင်ပေးထားတယ်လို့ ပြောမလို့ပါကောရဲ့ "
"တွေ့တယ်! "
Jaeminကိုပြန်ရန်တွေ့နိုင်သေးပုံအရတော့ အခြေအနေသိပ်မဆိုးပုံပါပဲ!
Jaeminနံရံကိုမှီကာလက်ပိုက်လျှက် ကောထွက်လာမဲ့အချိန်ကိုသာစောင့်နေလိုက်သည်
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့