[Unicode]
"chenle!"
"Zhong chenle! "
"Chenleရာ တောင်းပန်ပါတယ်ကွာ ငါ့ကိုကြိုးလာဖြည်ပါနော်! "
Jaeminအသံကပျော့ပြောင်းသွားလိုက် တစ်ချက်တစ်ချက် မာကျောသွားလိုက်နဲ့ အခန်းထဲမှာ သောင်းကျန်းနေပုံပါပင်
Chenleကိုယ်တိုင် စိတ်ဆင်းရဲနေရသော်လည်း တံခါးကိုတော့မဖွင့်ပေးရဲပါချေ ဖွင့်ပေးလိုက်ရင် jaeminရဲ့ဒေါသကြီးတဲ့ပုံစံနဲ့ အပြင်ကလူတွေကို သတ်ပစ်နိုင်လောက်မှန်း chenleသိထားသည်
သို့သော်လည်း အထဲမှအသံက ခနလေးတောင်ရပ်တန့်သွားချင်းမရှိပဲ အော်ဟစ်အကူအညီတောင်းနေသည်မို့chenleထိန်းထားသည့်ကြားက တစ်ချက်တစ်ချက်သတိလွတ်ပြီး လက်က တံခါးလက်ကိုင်ဆီရောက်ရောက်နေ၏
"ကျစ်!"
ကောက ဘာတွေဖြစ်လာလာမလွှတ်ပေးဖို့ပြောထားတယ် ..ဟုတ်ပီ အရင်ဆုံးကောကိုယုံကြည်ထားရအောင်
"Zhong Chenle!!မင်း ငါ့ကိုအခုမလွှတ်ပေးရင် ငါအပြင်ကိုထွက်လာတဲ့အခါ နာယာကလူတွေအကုန်လုံးကိုမီးရှို့ပစ်မှာနော်! "
"ခြိမ်းခြောက်ရုံလေးမဟုတ်ဘူး တကယ်လုပ်မှာ ! မင်းသိပါတယ် ငါက ဘယ်လိုလူမျိုးလဲဆိုတာ......"
"chenle! ကောသာတစ်ခုခုဖြစ်သွားရင် ငါမင်းကိုလည်းခွင့်လွှတ်မှာမဟုတ်ဘူး မင်းရဲ့မိသားစုတွေကိုလဲငါဘာလုပ်မိမလဲမသိဘူး "
"ဟာ! ဘာပဲဖြစ်ဖြစ်ကွာ "
Chenle နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ပဲ အခန်းတံခါးကိုဖွင့်မိသွားတော့သည် ...
"chenle!"
Jaeminကမသိရင်ခုနကသူဘာမှမပြောထားတဲ့ပုံစံမျက်နှာငယ်လေးနဲ့ကြိုးနဲ့အချည်ခံထားရတဲ့သူ့လက်ကိုမြှောက်ပြ၏
Chenleလည်း သူသောင်းကျန်းထားလို့ အလဲလဲအပြိုပြိုဖြစ်နေတဲ့ ကုတင်ဘေးကခုံကိုခွကျော်ကာ လက်ကကြိုးကိုဖြည်ပေးလိုက်သည်
ကြိုးပြည်သွားသည်နှင့်jaeminရဲ့လက်သီးကchenleမျက်နှာဆီပစ်ဝင်လာ၏
"မင်း မင်း! "
Jaeminက နီရဲနေတဲ့မျက်ဝန်းတွေနဲ့chenleအားလက်ညိုးငေါက်ငေါက်ထိုးကာ
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့