[Unicode]
Jaeminကဆိုင်ကယ်သော့ကိုရှေ့မှဝန်ထမ်းလေးအားပစ်ပေးပီး ရှေ့ကနေတက်တက်ကြွကြွနဲ့ဟိုတယ်ထဲဝင်သွား၏
Renjun့စိတ်ထဲတွင် တစ်ခုခုတော့မှားနေပြီလို့ခံစားမိသော်လည်း ဘာကမှားလို့မှားနေမှန်းအဖြေရှာမရ
Renjunလည်းသူနဲ့ဘေးချင်းကပ်လျှောက်နေရင်းမှ
"မင်း မလာခင်တုန်းကတော့ ဆိုင်ကယ်ကိုကျွမ်းကျွမ်းကျင်ကျင်စီးတက်ပါတယ်လို့ပြောခဲ့သလိုပဲ "
"ဒါပေမဲ့ ကျနော် ညဘက်မောင်းရဲတယ်လို့မပြောခဲ့ဘူးလေ "
"...."
renjunလည်းဆက်မငြင်းနိုင်တော့ ဧည့်ကြိုကောင်တာဆီသာ သူနဲ့အတူလျှောက်လာခဲ့လိုက်သည်
"ဟို! အခန်း၂ခန်း "
ဧည့်ကြိုဝန်ထမ်းကောင်မလေးကိုပြောလိုက်သော်လည်း နောက်မှာရပ်နေသောjaeminနှင့်ရွယ်တူလောက်ရှိမည့်ကောင်လေးက ကြားဝင်လာကာ
"အခန်းကတစ်ခန်းပဲရတော့မယ် "
ဝန်းထမ်းကောင်မလေးကတော့ ရှေ့ကဧည့်သည်နောက်မှ လက်တစ်ချောင်းထောင်ပြနေတဲ့သူဌေးသူငယ်ချင်းနဲ့ နောက်မှဖြတ်ပြောလာတဲ့သူဌေးကိုကြည့်ကာ မျက်လုံးအပြူးသားဖြစ်သွားရပါ၏
ရှေ့ကဧည့်သည်ကတော့ ဘာမှသိပုံမပေါ်
"ဘယ်လိုလုပ်မလဲjaemin? ငါတို့နောက်ဟိုတယ်တစ်ခုရှာကြမလား? "
"ကျနော်ကအဆင်ပြေပါတယ် ... ဒါပေမဲ့တစ်နေ့လုံးဆိုင်ကယ်မောင်းနေရတာဆိုတော့ ကိုယ်တွေလက်တွေကိုက်ခဲနေတာပဲ နားချင်နေပီ! "
Renjunနှုတ်ခမ်းကိုကိုက်ကာခေတ္တမျှစဉ်းစားနေမိ၏
Jaeminရဲ့ညိုး ညိုးကျလာသောမျက်နှာကိုကြည့်ကာ ကြာကြာမစဉ်းစားနိုင်တော့
"အဲ့ဒီ့ကျန်တဲ့အခန်းပဲပေးပါ! "
"ဟုတ်ကဲ့ ဒီမှာသော့ပါခင်ဗျ! "
jaemin ဟယ်ဂျွန့်အား မျက်စိတစ်ဖတ်မှိတ်ပြလိုက်ကာ ကောနောက်ကနေ ဟယ်ဂျွန်စီစဉ်ပေးတဲ့ အခန်းဆီတက်လာခဲ့လိုက်သည်
Jaeminလက်ထဲကိုင်လာတဲ့အထုပ်တွေကိုပစ်ချကာ ကုတင်ပေါ်လှဲလိုက်ပြီး အခန်းကိုသေသေချာချာ လိုက်ကြည့်နေသောကောအား ပြုံးကာကြည့်နေလိုက်သည်
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့