[Unicode]
"ပြန်လာပြီ! "
မမြင်ချင်ယောင်ဆောင်လှျက် ဖဲချပ်တွေကိုသာ အာရုံစိုက်နေသောအမေဖြစ်သူအားရွဲ့ကာ အသံကျယ်ကျယ်နှင့်jaeminအော်လိုက်သည်
"Shit!နားညီးလိုက်တာ မြန်မြန်တက်သွားစမ်း "
jaeminကတော့ ထိုနေရာကနေတုတ်တုတ်မျှပင်မလှုပ်ပဲ အမေဖြစ်သူနှင့်အပေါင်းအပါများကိုစိုက်ကြည့်ပေးလိုက်သည်
"နင့်သားကတော့စိတ်ပျက်စရာပဲမီအယ်ရယ် "
"ပြသနာရှာဖို့ပဲတက်တယ်လေ တကယ်ကိုမွေးမလာသင့်တဲ့ဟာလေး "
Jaeminလက်သီးကိုတင်းတင်းဆုပ်ကာအံကိုတင်းတင်းကျိတ်မိသည်
အပေါ်ထပ်အခန်းထဲရောက်မှ လွယ်အိတ်ကိုကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်ကာ
မွေးမလာသင့်ဘူး!
မွေးမလာသင့်ဘူးတဲ့လား? "
ကျနော်လည်းဘယ်တော့မှ ခင်ဗျားတို့ဆီမှာမွေးမလာချင်ခဲ့ဘူး
Jaeminအိတ်ထဲကphဆွဲထုတ်ကာ pH noတစ်ခုကိုခေါ်လိုက်သည်
"ရဲစခန်းကပါလားခင်ဗျာ! ကျနော်တိုင်စရာလေးရှိလို့! "
"......"
"ဟုတ်ပါတယ်xxလမ်းကအိမ်ပါ "
"....."
အဟက်!
Jaeminတစ်ချက်လှောင်ရယ်လိုက်ကာ
Hoodieအကျီတစ်ထည်လဲပြီး အိမ်အပြင်ကိုထွက်လာခဲ့လိုက်သည်
အဲ့မှာလင်မယားနှစ်ယောက်စကားများလိုက်ကြဦး
အခုလိုမျိုးလုပ်တာပထမဆုံးအကြိမ်မဟုတ်သော်လည်း ပထမဆုံးအကြိမ်တုန်းကလိုပင်ပျော်စရာကောင်းလှ၏
ဘယ်လောက်ပဲပိုက်ဆံနိုင်နိုင်တစ်ညတော့ အချုပ်ခန်းထဲရောက်နေလောက်သည်
Jaemin phကိုစက်ပိတ်လိုက်ကာ ဘုရားကျောင်းဆီသွားတဲ့busကားပေါ်တက်လိုက်သည်
ကဲ အပြစ်လုပ်ပီးပီဆိုတော့ အပြစ်သွားဖြေကြတာပေါ့
.
"renjunကော! Jaeminကောရောက်နေတယ် "
အဆောင်အပြင်မှ အသိလာပေးသောကလေးတစ်ယောက်အား ကျေးဇူးတင်စကားပြောကာ renjunဘုရားကျောင်းရှေ့ကိုထွက်လာခဲ့လိုက်သည်
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့