15

319 46 10
                                    

[Unicode]

အဆက်မပြတ်မြည်နေသောဖုန်းကို အိတ်ကပ်ထဲကထုတ်ယူလိုက်ပြီး ဘေးတွင်စာအုပ်တွေထိုင်စီနေသောကောအားခွင့်တောင်းသလိုတစ်ချက်ပြုံးပြလိုက်ကာ

"ကော! ခနနော် "

ကောက ခေါင်းတစ်ချက်သာငြိမ့်ပြလာကာ စာအုပ်ပုံထဲခေါင်းပြန်စိုက်သွားပြန်၏

Jaeminလည်း အိမ်ရှေ့ဘက်ကိုထွက်လာလိုက်ကာ လက်ခံတဲ့ခလုပ်ကိုနှိပ်လိုက်တော့ လက်ထောက်ကောင်လေး၏အလောတကြီးဖြစ်နေသောအသံကိုကြားလိုက်ရ၏

"ကျနော်တို့တော့ ပြဿနာတက်ပြီထင်တယ်သူဌေး "

"ဘာဖြစ်လို့လဲ? အလောတကြီးနဲ့ "

Jaemin သစ်ကိုင်းခြောက်တွေကိုခြေထောက်ဖြင့်နင်းချေလျှက် ခပ်အေးအေးပင်မေးလိုက်သည်

"ဒီတစ်ခေါက်ကျနော်တို့နဲ့အပေးအယူလုပ်ခဲ့တဲ့တစ်ယောက်က ဖောက်လာတယ်! သူက ကျနော်တို့ပေးတဲ့ပိုက်ဆံကသူတို့ပေးတဲ့ပစ္စည်းထက်နည်းနေတယ်တဲ့ "

"အဲ့တော့ ပိုက်ဆံထပ်လိုချင်တယ်ပေါ့ "

"ဟုတ်တယ်!  ကျနော်တို့လူတစ်ချို့ကိုလည်းဖမ်းထားတယ်!  ဒီနေ့မကုန်ခင် ပိုက်ဆံရောက်အောင်ပို့ခိုင်းနေတယ် "

"အို! Na jaeminဆီကပိုက်ဆံကိုအလကားလိုချင်နေတာပဲ "

"ဘယ်လိုပဲဖြစ်ဖြစ် သူဌေးပြန်လာမှဖြစ်မယ်ထင်တယ် ...."

Jaemin အိမ်ထဲမှာစာအုပ်တွေကိုဂရုတစိုက်စီစစ်နေသော အရိပ်လေးဆီလှမ်းကြည့်လိုက်ကာ

"ငါ ပြန်လာလို့မရသေးဘူး ...! မင်းဘယ့်မင်းကြည့်ရှင်းထားလိုက် "

တစ်ဖက်မှအဖြေကိုပင်ဆုံးအောင်နားမထောင်တော့ပဲဖုန်းကိုချပစ်လိုက်သည်

အခုလောလောဆယ်တော့ကောမှလွဲ၍ ဘာကိုမှဂရုစိုက်ချင်စိတ်ရှိမနေပါချေ

Jaemin renjun့ဘေးနားပြန်ရောက်လာတော့ အားလုံးက သပ်သပ်ရပ်ရပ်နှင့်ရှင်းလင်းပြီးသားဖြစ်နေပါ၏

renjunက အနားပြန်ရောက်လာသောjaeminအား

"မင်းနဲ့chenleဒီနေ့နေ့လည်စာကိုတော့ ကိုယ့်ဘယ့်ကိုပဲကြည့်စီစဉ်ပြီးစားလိုက်တော့ "

fireflyWhere stories live. Discover now