[Unicode]
"အို့! ဒီနေရာကြီးက တကယ့်ကိုကျိန်စာသင့်နေတာကြီးမဟုတ်ဘူးလား? "
နောက်မှလိုက်လာသောjaeminကငြီးငြီးညူညူပြောလေတော့
"အဲ့ဒါကြောင့် အစောထဲကဘာလို့လိုက်ခဲ့သေးလဲ? ဒီဘက်မှာကတအားပူတယ်လို့ငါပြောသားပဲ မင်းကြောင့် ငါပါပူနေပြီ "
"မင်းကိုရော ဘယ်သူကခေါ်လို့လဲ?မင်းဘယ်မင်းအကြောရှည်ပြီးလိုက်လာတာမဟုတ်ဘူးလား? "
"လိုက်ချင်လွန်းလို့မဟုတ်ဘူး! အိမ်မှာနားပူလွန်းလို့ကွ ဟွန့် "
"မင်းတို့နှစ်ယောက်! တော်တော်ဆူတာပဲ
"Renjunဟန့် လိုက်မှ နှစ်ယောက်သားငြိမ်ကျသွားကာ ကုပ်ကုပ် ကုပ်ကုပ်နဲ့လိုက်ပါလာ၏
Jaeminကchenleနားကပ်ကာ အသံတိုးတိုးဖြင့်
"တော်တော်ဝေးသေးလား? "
"ဒီတစ်ကွေ့တက်ရင်ရောက်ပြီ! "
Chenleပြောတဲ့အတိုင်းပင် တစ်ကွေ့ကေျာ် တက်အပြီးမှာတော့ ထိုနတ်ဘုရားကေျာင်းဆီရောက်လာ၏
Renjunကောကတော့ ရောက်သည်နှင့် နတ်ဘုရားကေျာင်းထဲတန်းဝင်သွားသော်လည်း
Jaeminနဲ့chenleကတော့ နတ်ကျောင်းရှေ့ကလှေကားထစ်မှာ ထိုင်ပြီး အမောအရင်ဖြေလိုက်ကြသည်
ဟူးစ်!
ဝေးဝေးကလျှောက်လာသော စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့အဘိုးကိုကြည့်ကာjaeminက
"ဒီမှာသူတောင်းစားတေွလည်းရှိတာလား? "
"အာ! ကောသာကြားရင်တော့ သွေးတက်တော့မှာပဲ! အဲ့ဒါသူတောင်းစားမဟုတ်ဘူး ကောကိုငယ်ငယ်က စာသင်ပေးခဲ့တဲ့ဆရာ ...သူ့ပုံစံကအမြဲအဲ့လိုပဲ "
"ဒီလိုဆရာမျိုးဆီမှာ Renjunကောက ပညာသင်ခဲ့တယ်ပေါ့ "
ထိုအဘိုးအိုကိုကြည့်ကာjaeminစိတ်ထဲအထင်သေးမှု့တေွအပြည့်
ထိုအဘိုးကလည်း လှေကုထစ်ခြေရင်းမှာ သူ့အထုတ်တွေကိုချလျှက် jaeminကိုသိသိသာသာပင်ကြည့်နေပါ၏
Jaeminလည်း ထိုင်နေရာကနေ ထိုအဘိုးအိုနားသွားလိုက်ကာ အိတ်ထဲကပိုက်ဆံတစ်ချို့ထုတ်ပြီး
YOU ARE READING
firefly
Fanfictionတံခါးအလုံပိတ်ထားတဲ့အခန်းတစ်ခန်း အမှောင်အတိပြီးနေသောအခန်းငယ် ထိုအခန်းကို အလင်းရောင်ဖျဖျလေးထုတ်လွှတ်ပေးနေတဲ့ပိုးစုန်းကြူးငယ် အလင်းရောင်တင်မဟုတ် မျှော်လင့်ချက်နဲ့ ချစ်ချင်းမေတ္တာတွေကိုပါသယ်ဆောင်လာတဲ့အရာလေးပေါ့