11

367 58 21
                                    

[Unicode]

Jaemin မှင်သက်စွာကြည့်နေမိသည်

မဟုတ်ဘူးလေ ....ဘယ်လောက်ပဲမုန်းမုန်း ဘယ်လောက်ပဲစိတ်နာခဲ့ နာခဲ့ ဘယ်သူလဲဆိုတာကတော့

"ကျနော့ကို ဘယ်သူလဲ? Renjunကအခု ကျနော့ကိုဘယ်သူလဲလို့မေးလိုက်တယ် "

"အာ!  သိပြီ "

Renjunကတစ်ခုခုကိုသတိရသွားဟန်ဖြင့် လက်ညိုးတစ်ချောင်းထောင်လျှက် jaeminကိုကြည့်လာတော့ jaeminလည်းမျှော်လင့်တကြီးဖြင့်နောက်ထွက်လာမည့်စကားကိုနားစွင့်နေမိသည်

"Chenleရဲ့အကြွေးသမားမဟုတ်လား?  ငါထင်တယ် ငါထင်နေတယ် တစ်နေ့ ဒီလိုမျိုးတေွဖြစ်လာတော့မယ်ဆိုတာ "

Jaemimတကယ့်ကိုစိတ်ဓာတ်ကျသွားမိ၏

ဟန်ဆောင်နေတာလို့ပြောရအောင်လည်း မျက်ဝန်းတေွကရိုးသားမှု့အပြည့်
renjun့အကြောင်းကို jaeminအသိဆိုးမို့ ဟန်ဆောင်နေတာမဟုတ်ရင်တစ်ခုပဲရှိသည်

"ကော!  ကော! ကျနော့ကိုမေ့ပစ်လိုက်တာတော့မဟုတ်ပါဘူးနော် "

Renjunကတော့jaeminပြောတဲ့စကားဆီအာရုံစိုက်မနေခဲ့ပါချေ chenleအားပွစိပွစိဆူပူနေလျှက်

"ငါ့ ဘိုးဘွားတွေချန်ခဲ့တဲ့ပိုက်ဆံတွေကတော့ ဒင်းလက်ချက်နဲ့ကုန်မှာပဲ ..ပြန်လာလို့ကတော့ ခြေထောက်ကိုရိုက်ချိုးပစ်ဦးမယ် "

ဟုဆိုကာ ပိုက်ဆံသွားဝင်ယူဖို့ပြင်၏

Jaeminလည်းဘေးနားကဖြတ်မသွားခင်လက်ကိုအမိအရဖမ်းဆုပ်လိုက်ကာ ရင်ဘက်ထဲဆွဲသွင်းလိုက်ပြီး

"မဟုတ်ဘူးလေကောရာ ....ကျနော်နဲ့ကောမှာ အမှတ်တရတွေအများကြီးရှိခဲ့တယ်လေ ကော ကျနော့ကို ဂရုစိုက်ပေးခဲ့တာတွေ စိတ်ပူပေးခဲ့တာတွေ ချစ်ပေးခဲ့တာတွေလေ "

Renjunကြောင်အနေမိပါ၏ ထိုကောင်လေးပြောနေတာမှန်သမျှrenjunတကယ့်ကိုသိမနေခဲ့ပါချေ 

ရိှုက်ကာရှိုက်ကာ ငိုနေသော ထိုကောင်လေးအားrenjunဘာပြန်ပြောရမှန်းမသိ

ဒါပေမဲ့လည်း ဒီလိုပုံစံကြီးကမဟုတ်သေးဘူးလေ

Renjunလည်းထိုကောင်လေးအားအစွမ်းကုန်တွန်းထုတ်လိုက်ကာ

fireflyWhere stories live. Discover now