Part-8

630 50 12
                                    

Unicode...

ရှိုင်းထက်တို့သုံးယောက်စကားပြောနေရင်း မိန်းကလေးတစ်ယောက်၏ခေါ်သံကြောင့်လှည့်ကြည့်မိသည်။

ထိုအခါ ရှိုင်းထက်မှပြောလာလေသည်။

"အာ...ဘရဏီပါလား။မုန့်လာစားကြတာလား?"

ရှိုင်းထက်ကိုနှုတ်ဆက်လာသူသည်မှာကား ဘရဏီကျော်ပင်ဖြစ်ချေတော့သည်။

"ဟုတ်တယ်။shoppingထွက်ရင်းနဲ့ ဗိုက်ဆာလာလို့အပြန်ဝင်စားကြတာ။ဘရဏီ့မှာသူငယ်ချင်းတွေပါလာလို့ သွားတော့မယ်နော်ရှိုင်း။နောက်မှဆက်သွယ်လိုက်မယ်"

"ကောင်းပါပြီဗျာ"

ဘရဏီကျော်သည်လည်း ရှိုင်းထက်၏ဘေးတွင်ထိုင်နေသော လူနှစ်ယောက်ကိုပါ နှုတ်ဆက်လိုက်လေသည်။

"ဒီကအစ်ကိုတို့လည်း သွားခွင့်ပြုပါအုံး"

မင်းဇေနှင့်လပြည့်သည်လည်း ခေါင်းတစ်ချက်သာညိတ်ပြလိုက်လေသည်။ထိုမိန်းကလေးအုပ်စုထွက်သွားတော့မှမင်းဇေက ပြောလာလေသည်။

"နေရာတိုင်းမှာ မင်းနဲ့သိတဲ့မိန်းကလေးတွေကြီးပဲ။တွေ့တဲ့လူတိုင်းနဲ့ ရင်းနှီးနေတော့တာပဲ"

မင်းဇေ၏စကားအား ရှိုင်းထက်မှရယ်မော၍ ပြန်ဖြေလိုက်သည်။

"မင်းတို့သိတယ်မလား။ငါကSKBကြီးဟာကို။
ခုနကဘရဏီနဲ့ကတော့ သူငယ်ချင်းအဆင့်ပဲရှိပါသေးတယ်"

ရှိုင်းထက်၏ သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားစွာလုပ်ပြနေသောမျက်နှာအား မင်းဇေနှင့်လပြည့်မှ စိတ်ပျက်ဖွယ်အကြည့်ဖြင့်ကြည့်လာလေသည်။သူတို့၏အကြည့်ကြောင့် ရှိုင်းထက်သည်လည်းပြန်လည်ချေပမိတော့သည်။

"အမ်...ငါ့ကိုအဲ့လိုမကြည့်နဲ့လေ။ငါပြောတာမှားလို့လား? ငါတို့သုံးယောက်ထဲမှာ ရည်းစားထားဖူးတာဘယ်နှစ်ယောက်များရှိလို့လဲ? ငါတစ်ယောက်ပဲရှိတာကို မင်းတို့နှစ်ယောက်ကဖြင့် တစ်ယောက်မှတောင်မရှိဘဲနဲ့"

"မင်းတို့တကယ် ဘဝကြီးကိုဒီအတိုင်းကြီး ဖြတ်သန်းကြတော့မလို့လား? မင်းတို့ဘဝကြီးက ပျင်းဖို့ကောင်းလိုက်တာကွာ။ငယ်ရွယ်တုန်း အပျော်လေးဘာလေးရှာသင့်တယ် ငါ့လိုပေါ့"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now