Unicode...
"ကိုကို...နဒီ မန္တလေးပြန်တော့မယ်"
နဒီ့စကားကြောင့် လပြည့်ပြောမိသည်။
"ပြန်တော့မလို့လား နဒီ"
"အင်း"
ခဏအကြာ လပြည့်နဒီ့အားထပ်ပြောမိသည်။
"နဒီ...ကိုကို့မှာနဒီ့ကိုပြောစရာရှိတယ်"
"အရေးမကြီးရင်နောက်မှပြောပါလားကိုကိုရယ်။အခုနဒီဗိုက်ဆာနေလို့ မုန့်သွားစားကြရအောင်...နော်..နော်လို့"
"အင်းပါ..."
လပြည့်လည်း ထိုစကားအားနဒီ့ကိုပြောချင်ပေမယ့်လည်း သူ့အနေနှင့်ဘယ်ကစပြောရမလဲမသိသလို အချိန်လည်းနည်းနည်းလောက်ဖြစ်ဖြစ်ယူချင်သေးသည်မို့ နောက်မှပြောရန်ဆုံးဖြတ်လိုက်သည်။
သို့ပေသည့် နောက်တစ်နေ့မနက်တွင် နဒီမှသူ့အားဘာမှမပြောဘဲ မန္တလေးသို့ပြန်သွားကြောင်းသိလိုက်ရသည်။သူ့စိတ်ထဲတစ်ခုခုထူးဆန်းနေသည်ဟုခံစားရသည်။ဘယ်အရာက ထူးဆန်းနေမှန်းလည်း သူလည်းမသိတော့ပေ။
***********************
ရုံးခန်းထဲတွင် ဟိန်းထက်သူမှာထားသည့်လက်စွပ်ဘူးလေးအားဖွင့်ကြည့်နေမိသည်။
"ပြည့်...ပြည့်ရဲ့မွေးနေ့မှာ...မောင့်အချစ်တွေနဲ့အတူ..ပြည့်ကိုလက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတယ်"
ထိုအတွေးနှင့်ပြုံးမိတုန်း ဖုန်းဝင်လာသည့်အတွက်ကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို...မောင်"
"အင်း...ပြည့်"
"တွေ့ရအောင်"
လပြည့်ဘက်မှတွေ့ရအောင်ဟုအရင်ပြောလာသည့်အတွက် ဟိန်းထက်ပြုံးမိသည်။
"အင်း...မောင်ဆိုင်လာခဲ့မယ်"
ဟိန်းထက်ထိုသို့ပြောကာ ဆိုင်သို့သွားလိုက်သည်။ဆိုင်ထဲတွင်သူ့အားပြည့်က စောင့်နေဟန်ရသည်။
"ပြည့်...နေမကောင်းဘူးလား?"
ဟိန်းထက် မျက်နှာပုံစံနွမ်းလျနေသောလပြည့်ကြောင့်မေးမိလိုက်ခြင်းပင်။
KAMU SEDANG MEMBACA
ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》
Romansaဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date-17.6.2021 End Date -2.9.2021 ****************************** ဇြဲလျပည့်ဆိုသောလူသားလေးနွင့် သူ၏ေမာငၧိဳေ...