Unicode....
"ဝါ နင့်အိမ်မှာဧည့်သည်တွေရောက်နေတယ်ဆို"
ဝါတို့သူငယ်ချင်းသုံးယောက်မန်ကျည်းပင်အောက်တွင်ထိုင်နေရင်း ခိုင်သူ(ခေါ်)အသူမှမေးလာခြင်းဖြစ်လေသည်။
ထို့အတွက် ဝါလည်းပြန်ဖြေလိုက်သည်။
"အေး...ဟုတ်တယ်။နင်တို့ကိုအဲ့အကြောင်းပြောရအုံးမယ်..။ရန်ကုန်ကဖွားလေးအလုပ်လုပ်တဲ့အိမ်ကအစ်ကိုလေးတဲ့ ရွာကိုခရီးထွက်ရင်းနဲ့ အလည်သဘောမျိုးလာတာတဲ့။ပြီးတော့လေသိလား နှစ်ယောက်လုံးကအချောတွေကြီးဘဲ"
သူတို့နှစ်ယောက်စကားအား ဘေးရှိရွှေစင်မှဝင်ပြောလာလေသည်။
"ဟယ်...ဟုတ်လား။အချောလေးတွေဆိုတော့စိတ်ဝင်စားသွားပြီ"
"ရွှေစင်မ.. နှာဗူးထမနေနဲ့။သူတို့က ဘာတွေညာတွေလားမသိဘူး..အဟိအဟိ.."
ဝါ့စကားကြောင့် ရွှေစင်လည်းပြန်ပြောလာလေသည်။
"ဟင်!...။ထားပါ..ဘာတွေညာတွေဆိုလည်း ပိုစိတ်ဝင်စားတယ်"
ဝါတို့သူငယ်ချင်းသုံးယောက်က နွေရာသီပိတ်ရက်မို့အိမ်မှာနေနေရခြင်းပင်။ကျောင်းပြန်ဖွင့်ရင် သူတို့က ၁၀တန်းတက်ရမှာဖြစ်သည်။ထို့အတွက်သူတို့အနေနှင့်လည်း လူငယ်သဘောသဘာအရခေတ်ရေစီးကြောင်းကိုသိသလို တစ်နည်းအားဖြင့်fujoshiမများဖြစ်ကြတော့သည်။
"အခုအချိန်သူတို့ ဘာလုပ်နေကြလည်းမသိဘူးနော်"
"ဟဲ့...အသူမနင့်စကားကလည်း ဘာကြီးတုန်း"
"ဟမ်..မဟုတ်ဘူးလေ။ငါပြောတာက..သူတို့ထိုင်နေကြတာလား.. စကားပြောနေကြတာလားမသိဘူးလို့"
"ငါတို့သွားချောင်းကြမလား?"
ရွှေစင့်စကားကြောင့် ဝါရော၊အသူရော ရွှေစင့်အားကြည့်မိသည်။ထို့နောက်တက်ညီလက်ညီမန်ကျည်းပင်အောက်ကနေ ထွက်သွားကြတော့သည်။
.
.
.
.
.
."ဟဲ့...ရွှေစင် သိပ်မတိုးနဲ့ဟ!"
"ငါမတိုးဘူး နင်တိုးနေတာ"
"တိုးတိုးပြောစမ်းပါ နင်တို့နှစ်ကောင်ကလည်း ကြားသွားတော့မယ်"
ESTÁS LEYENDO
ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》
Romanceဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date-17.6.2021 End Date -2.9.2021 ****************************** ဇြဲလျပည့်ဆိုသောလူသားလေးနွင့် သူ၏ေမာငၧိဳေ...