Unicode....
အခုတလောညနေဘက်တွင် ပုံမှန်မဟုတ်ဘဲမိုးများရွာသွန်းတတ်လေသည်။မိုးရွာသွန်းမှုများအကြားကားတစ်စီးသည် လမ်းမထက်တွင်တရိပ်ရိပ်ပြေးလွှားနေပြီး ခြံဝန်းတစ်ခုရှေ့တွင် ရပ်တန့်သွားလေသည်။ထိုခြံဝန်း၏ တံခါးထက်တွင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေသည်။ထိုဆိုင်းဘုတ်တွင်ရေးထားသည်မှာကား 'ရှေ့နေကြီး ဦးထွဋ်ခေါင်၏နေအိမ်'ဟူ၍ပင်။
ရပ်ထားသောကားထဲမှ အမျိုးသမီးတစ်ဦးဆင်းလာပြီး ခြံရှေ့ရှိလူခေါ်ဘဲ(လ်)အားတီးလိုက်လေသည်။ထိုအခါ ခြံစောင့်တစ်ဦးထွက်လာပြီး ထိုအမျိုးသမီးနှင့်စကားအနည်းငယ်ပြော၍ ခဏအကြာခြံစောင့်ဖြစ်သူမှ တံခါးဖွင့်ပေးလာလေသည်။ခြံစောင့်ဖြစ်သူနှင့်စကားပြောနေသည့်အမျိုးသမီးမှာကား ဒေါ်ခင်မေသူ၏ အတွင်းရေးမှူးမလေးရတီပင်ဖြစ်လေသည်။
ဒေါ်ခင်မေသူတစ်ယောက် ကားထဲတွင်ထိုင်၍ ကိစ္စတစ်ခုအားပြန်လည်တွေးတောနေလေသည်။ထိုနေ့ကသူ့အတွင်းရေးမှူးမလေးက ရှေ့နေ့ဦးထွဋ်ခေါင်နှင့်တွေ့ရန်ချိန်းဖြစ်လေသည်။သို့ပေသည့် ထိုလူသည်ကား အမြဲတမ်း၁၀ခါလောက်ချိန်းမှ တစ်ခါလောက်တွေ့ခွင့်ရသည့်လူပင်။မြန်မာနိုင်ငံ၏ထိပ်တန်းရှေ့နေကြီးတစ်ဦးဖြစ်သည့်အတွက် မအားလပ်သည်ကတော့အမှန်ပင်။ထိုကဲ့သို့မအားလပ်၍ သူမချိန်းဆိုသည့်အခါတိုင်းငြင်းငယ်နေခြင်းပေလော၊တမင်သက်သက်ပေလော သူမလည်းမသိတော့ပါချေ။
သို့ပေသည့် ယခုအခါသူမတို့ဘက်ကချိန်းဆိုမှုတွင်တော့ ထိုလူကတွေ့ဆုံရန်လက်ခံခဲ့ပေသည်။ထို့နှင့်သူမ၏ကားလေးသည် ခြံဝန်းထဲသို့ရောက်ရှိလာ၍ ကားရပ်စင်ဝင်အောက်တွင်ရပ်တန့်သွားလေသည်။ထို့နောက် သူမ၏အတွင်းရေးမှူးမလေးမှ ကားတံခါးလာဖွင့်ပေး၍သူမသည်လည်း အိမ်ထဲသို့ဝင်သွားလေသည်။အိမ်ထဲသို့ရောက်သောအခါ ဧည့်ခန်းထဲတွင်သတင်းစာထိုင်ဖတ်နေသော ထိုလူအားတွေ့လိုက်ရလေသည်။
သူမဝင်လာကြောင်းမြင်သည့်အခါ ဦးထွဋ်ခေါင်သည်လည်းသူမအား ဧည့်ဝတ်စကားဆိုလာလေသည်။
"သြော်...ဒေါ်ခင်မေသူပါလား။လာပါ..ဒီမှာထိုင်ပါအုံး"
သူမသည်လည်း ဧည့်ခန်းထဲရှိဆိုဖာတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်လေသည်။ထို့နောက်ဘာမှရှည်ရှည်ဝေးဝေးစကားဆိုမနေတော့ဘဲ လာရင်းကိစ္စကိုသာပြောလိုက်လေသည်။
YOU ARE READING
ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》
Romanceဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date-17.6.2021 End Date -2.9.2021 ****************************** ဇြဲလျပည့်ဆိုသောလူသားလေးနွင့် သူ၏ေမာငၧိဳေ...