Part-12

520 37 11
                                    

Unicode...

မင်းဇေ တစ်ဖက်လူပြောသည့်လိပ်စာအတိုင်း ဆေးရုံသို့လိုက်လာခဲ့သည်။ဆေးရုံသို့ရောက်အခါ counterတွင်သူလာရှာသည့်လူ၏နာမည်ကိုပြောပြီး အခန်းနံပါတ်ကိုမေးလိုက်သည်။ထို့နောက် ထိုအခန်းရှိရာသို့အပြေးထွက်သွားမိလေသည်။

အခန်းထဲသို့ရောက်သောအခါ ကုတင်ပေါ်တွင် လက်တစ်ဖက်နှင့်ခြေထောက်တစ်ဖက်အား ပတ်တီးစည်းထားသောလူတစ်ယောက်သည် သူဝင်လာတာမြင်သောအခါ သူ့အားရယ်ပြ၍နှုတ်ဆက်လာလေသည်။မင်းဇေသည်လည်း ထိုလူအားဒေါသထွက်နေပေမယ့်လည်း စိုးရိမ်ပူပန်မှုတို့ပါဝင်နေသည့်လေသံနှင့် အော်ဟစ်လိုက်လေသည်။

"မင်းဘယ်လိုတောင်နမော်နမဲ့ နိုင်လိုက်လဲ ဟမ်!ငါဘယ်လောက် စိုးရိမ်သွားလဲမင်းသိရဲ့လား?!!"

ကုတင်ပေါ်ကလူသည်ကား ရှိုင်းထက်ပင်ဖြစ်ချေတော့သည်။

ရှိုင်းထက် မင်းဇေ၏ဒေါသစကားကြောင့် အနည်းငယ်အံ့သြသွားရသည်။

"အာ..ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး။အပေါ်ယံလောက်ပဲထိသွားတာပါ"

မင်းဇေ ဒဏ်ရာတွေကိုအပေါ်ယံလောက်ပဲရလာတာပါဟုပြောလာသောရှိုင်းထက်အား စူးစိုက်ကြည့်ကာပြန်ပြောလိုက်သည်။

"အပေါ်ယံလောက်ပဲ..ဟုတ်လား။လက်တစ်ဖက်နဲ့ခြေထောက်တစ်ဖက်ကျိုးတာတောင် အပေါ်ယံလောက်လောက်ပဲလို့..မင်းပြောသေးတယ်!"

"မင်းအဖေရော သိပြီလား?"

ထိုစကားကြောင့် ရှိုင်းထက်ပြောမိသည်။

"မင်း..ငါ့အဖေကိုသွားမပြောနဲ့နော်။အဖေသိရင်သတ်မှာကွ။ငါဒီလိုဖြစ်တာဘယ်သူမှ မသိသေးဘူး။လပြည့်တောင်မသိသေးဘူး..မင်းတစ်ယောက်ပဲသိတာ"

ထိုအခါမင်းဇေလည်းသက်ပြင်းတစ်ချက်ချ၍ ရှိုင်းထက်ကုတင်ဘေးကခုံတွင်ဝင်ထိုင်လိုက်လေသည်။

"အဲ့တော့...ပြောပါအုံး ကားကဘယ်လိုမှောက်သွားရတာလဲ?"

မင်းဇေ၏အမေးစကားအား ရှိုင်းထက်မှပြန်ဖြေလိုက်သည်။

"ကားမှောက်တာရယ်လို့တော့ မဟုတ်ပါဘူး။ကားတိုက်မှုဖြစ်တာပါ"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now