Unicode...
"မာန်ဟိန်းထက် မာန်ဟိန်းထက် အခုချက်ချင်းလာစမ်း!!"
"ဗျာ ဒေါ်ဒေါ် လာပြီ"
သူရောက်လာတော့ ဒေါ်ဒေါ်ကစိတ်ဆိုးမာန်ဆိုးအသံနှင့်ပြောလာလေတော့သည်။
"ဒေါ်ရွှေပြောတာ နင်ပိုက်ဆံ၅သောင်းလိုတယ်ဆို ဟုတ်လား??"
အင်းဟုတ်တာပေါ့။ကြီးကြီးရွှေ အခုအချိန်မှာသူ့အပေါ်အကောင်းဆုံးလူကကြီးကြီးရွှေပဲ။ငယ်ငယ်ထဲကသူ့ထိန်းလာတာ။မေမေမရှိတော့တဲ့နောက်ပိုင်း ဒီအိမ်မှာသူ့အပေါ်ကောင်းတဲ့လူဆိုလို့ကြီးကြီးရွှေပဲရှိတော့တာ။
ကြီးရွှေကသူ့ရှေ့ကအမြဲတမ်းကာကွယ်ပေးတယ်။သူလိုအပ်တာရှိရင်လည်းကြီးရွှေက ဒေါ်ဒေါ့်ကိုကူပြောပေးတယ်။အခုလည်း ကြီးကြီးပြောလိုက်တာထင်ပါရဲ့။
"ဟဲ့ ငါမေးနေတယ်လေ။ဘာတွေစဥ်းစားနေတာလဲ?"
ဒေါ်ဒေါ့်အသံကြားမှကဗျာကယာ ပြန်ပြောမိသည်။
"ဗျာ ဟုတ်။ပိုက်ဆံကတကယ်လိုတာပါ"
"နေပါအုံး။နင်က ပိုက်ဆံလိုတယ်ဆိုတော့ နင်ဘာမဟုတ်တာတွေလုပ်နေတာလဲ?ပြောစမ်း..မဟုတ်မှ နင်ဆေးတွေဘာတွေများသုံး နေတာလားဟမ်!"
"မဟုတ်...မဟုတ်ရပါဘူး ဒေါ်ဒေါ်ရယ်။ကျွန်တော်ပိုက်ဆံလိုတယ်ဆိုတာ ကျောင်းအတွက်ပါ။စာအုပ်စာတန်းတွေ၊ practical ဖိုးအတွက်ကောက်တာပါ"
"အေး ကျောင်းစာအုပ်ဖိုးတွေအတွက်ဆိုပေမယ့်လဲငါအကုန်မပေးနိုင်ဘူး။ငါလဲသိပ်အဆင်မပြေဘူး"
"အဲ့တော့.. တစ်ခုတော့လျော့ရမယ်။နင့်စာအုပ်ဖိုး၅သောင်းပေးလိုက်မယ်။ဒါပေမယ့်ကျောင်းတက်မယ့်ရက်တွေမှာ ဘာတစ်ပြားတစ်ချပ်မှထပ်မရဘူးမှတ်ကြားလား"
"ဟုတ်ကဲ့"
ဒေါ်ဒေါ့်စကားအား လွန်ဆန်နိုင်ဖို့သူ့မှာမဖြစ်နိုင်ခဲ့။
"မာမီ"
ထိုစဥ် ခေါ်သံတစ်ခုကြောင့်သူတို့၂ယောက်လုံး အသံလာရာဘက်ကိုကြည့်လိုက်သောအခါ ဖြူဖွေးလွန်းတဲ့အသားအရည်၊စကပ်ပေါင်လယ်လောက်နှင့်မိန်းကလေးတစ်ယောက်အောက်ထပ်သို့ဆင်းလာခဲ့သည်။သူမကတော့ဒေါ်ဒေါ့်ရဲ့သမီးကြီးဘရဏီကျော်ပင်ဖြစ်သည်။
KAMU SEDANG MEMBACA
ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》
Romansaဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date-17.6.2021 End Date -2.9.2021 ****************************** ဇြဲလျပည့်ဆိုသောလူသားလေးနွင့် သူ၏ေမာငၧိဳေ...