Part-32

574 31 38
                                    

Unicode....

"အာ့..."

"sorry နော်...ကျွန်တော်မမြင်မိလိုက်လို့"

နဒီ ကျောင်းပြန်ရောက်ရင်assignmentတင်ရမည်ဖြစ်သည့်အတွက် ဒီမှာကတည်းကစာအတွက်အထောက်အကူပြုမည့် စာအုပ်များကိုလာဝယ်ခြင်းဖြစ်သည်။ထိုစဥ် ဆိုင်အပြင်ဘက်သို့အထွက်တွင် လူတစ်ယောက်နှင့်တိုက်မိခြင်းဖြစ်လေသည်။

နဒီလည်း တိုက်မိတာဘာမှထွေထွေထူးထူးမဖြစ်သွားသည့်အတွက် ရပါတယ်ဟုသာပြန်ဖြေလိုက်သည်။

ထိုသို့ပြန်ဖြေလိုက်တော့ တစ်ဖက်ကလူသည်လည်း သူမ၏ကျသွားသောပစ္စည်းများကိုပြန်ကောက်ပေးပြီးနောက် ထွက်သွားလေသည်။

သူမစိတ်ထင်၍ပဲလားမသိပေ။ထိုလူကိုသူမတစ်နေရာရာ၌မြင်ဖူးသလိုရှိနေသည်။ဘယ်နေရာတွင်တွေ့ဖူးသည်လည်းဆိုတာတော့ သေချာမသိပေမယ့် ထိုလူအားသူမတွေ့ဖူးနေသည်ဟုခံစားရသည်။

ထိုအတွေးနှင့်ထွက်သွားသောလူ၏ကျောပြင်အား နဒီတစ်ချက်ပြန်ကြည့်လိုက်ပြီးကားရှိရာသို့သွားမည်အလုပ်တွင် ခြေထောက်အရှေ့၌ လက်ပတ်လေးတစ်ခုအားတွေ့လိုက်ရသည်။

ဒါခုနကသူမနှင့်ထိုလူဝင်တိုက်မိတော့ ထိုလူဆီ့ကပြုတ်ကျသွားခြင်းဖြစ်မည်။ထို့နှင့်နဒီလည်းလက်ပတ်လေးအားကောက်ကာ ပြန်ပေးရန်အတွက်လှည့်ကြည့်မိလိုက်သောအခါ ထိုလူအားမတွေ့ရတော့ပေ။ထို့အတွက်နဒီလည်း ထိုလက်ပတ်လေးအားအိတ်ထဲသို့သာထည့်ခဲ့ပြီး ပြန်လာခဲ့သည်။

.
.
.
.
.
.
.

နဒီ့ကိုကို့အိမ်သို့ရောက်နေသည်။

"အန်တီ...ကိုကိုရော"

"သမီးနဒီ..သားကအပေါ်မှာ"

"သြော်...ဒါဆို..သမီးကိုကို့ကိုသွားခေါ်လိုက်အုံးမယ်"

"အေးအေး"

နဒီထိုသို့ပြောကာ အပေါ်ထပ်သို့တက်လာခဲ့သည်။

ဒေါက်~~ဒေါက်

"ကိုကို...နဒီပါ...ဝင်ခဲ့မယ်နော်"

ထိုသို့ပြောလိုက်ကာ အထဲသို့ဝင်သွားတော့ အထဲတွင်ကိုကို့အားမတွေ့ပေ။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Tempat cerita menjadi hidup. Temukan sekarang