Part-1

2.3K 110 15
                                    

Unicode...

သာယာလှပတဲ့ညကောင်းကင်ကြီးအောက်တွင် ကြည်နူးဖွယ်ကောင်းတဲ့ပွဲလေးတစ်ပွဲကိုကျင်းပနေခဲ့သည်။ပွဲထဲမှာရှိသည့်လူသူအားလုံးကပျော်ရွှင်စွာစားသောက်နေကြပေမယ့် အိမ်ထဲရှိလူနှစ်ယောက်ကတော့...

"မောင်..ငါရှင်းပြပါရစေ"

ကျွန်တော့်ရဲ့စကားသံနဲ့အတူမောင့်ရဲ့ မျက်ဝန်းနက်နက်တွေက ကျွန်တော့်ဆီသို့...။

"ဘာမှရှင်းပြစရာမလိုတော့ပါဘူး။မင်း..မင်းကွာ မင်းမို့မောင့်အပေါ်လုပ်ရက်တယ်။"

"မောင်..မဟုတ်ပါဘူး။မောင်အထင်လွဲနေတာပါ ဒါက.."

ကျွန်တော့်ရဲ့စကားတွေကိုမယုံကြည်သလိုခါးခါးသီးသီးနဲ့မောင်ကဖြတ်ပြောလာခဲ့သည်။

"ဘာ.. အထင်လွဲတယ်ဟုတ်လား?။မောင့်နားနဲ့ဆက်ဆက်ကြားတာတောင် အထင်လွဲတယ်တဲ့လား!!"

"တကယ်အထင်လွဲနေတာပါမောင်ရယ်။မောင်ကြားခဲ့တာတွေကအရင်ကကိစ္စတွေပါ။ငါ..ငါမောင့်ကိုတကယ်ချစ်ခဲ့တာတော့ယုံပါမောင်ရယ်"

"ဟား..ရယ်ရတယ်ကွာ။မင်းကဗြောင်လိမ်နေတာပဲ။တော်ပါတော့ မင်းစကားဆိုဘာမှမယုံကြည်တော့ဘူး။အဲ့တော့မင်းဖြစ်စေချင်သလို‌မောင်တို့ဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့"

"မောင်..မဟုတ်..မဟုတ်ဘူးမောင် ငါ့ကိုယုံကြည်ပါမောင်ရယ်"

"မောင်ယုံကြည်ခဲ့ပါတယ်။မောင်မင်းကိုအမြဲတမ်းယုံကြည်ခဲ့တယ်။ဒါပေမယ့်.. မောင့်ယုံကြည်မှုတွေကိုပျက်ပြားအောင်လုပ်ပြီး ရိုက်ချိုးခဲ့တာလဲမင်းကိုယ်တိုင်ပဲလေ။ဘယ်လိုလဲ ပျော်ရဲ့လား?? မောင့်ကိုချစ်ချင်ယောင်ဆောင်ပြီး မောင့်ကိုလှည့်စားရတာပျော်ရဲ့လားလို့!!"

ကျွန်တော့ကိုကြည့်နေတဲ့မောင်ရဲ့မျက်ဝန်းနက်နက်တွေ၊မောင့်ရဲ့စကားတွေက သိပ်ကိုနာကျင်ရပါတယ်...။

"မောင်ထင်သလို မဟုတ်ပါဘူးကွာ"

ကျွန်တော့စကားတွေကိုခါးခါးသီးသီး မောင်ကငြင်းဆိုလာပြန်ပါသည်။

"တော်တော့ မင်းဆီကနေအဲ့ခေါ်သံမကြားချင်တော့ဘူး"

"မောင်..ငါတောင်းပန်ပါတယ် မသွားပါနဲ့"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Dove le storie prendono vita. Scoprilo ora