Part-17

464 32 35
                                    

Unicode....

ဟိန်းထက်ဒီနေ့နှင့်ဆို လပြည့်ဆိုင်မှာအလုပ်လုပ်တာ ၆လရှိပြီပင်။

ထို၆လအတွင်း ပြည့်သူငယ်ချင်းတွေနှင့်လည်းခင်ခွင့်ရခဲ့ပေသည်။လွန်ခဲ့တဲ့ ၄လကပြည့်သူငယ်ချင်းအစ်ကိုမင်းဇေ နိုင်ငံခြားသွား၍သူတို့တောင်လေဆိပ်ကိုလိုက်ပို့ခဲ့ရသေးသည်ပင်။ပြည့်နှင့် ပတ်သက်သူတွေနှင့်လည်းခင်မင်ရင်းနှီးလာသလို ပြည့်အကြောင်းကိုလည်းပိုမိုသိလာသည်ပင်။

ပြည့်ကလေ အေးဆေးတည်ငြိမ်တတ်သည့်လူပင်။ထိုသူက အပြာရောင်ကိုနှစ်သက်လေသည်။သူ့ရဲ့အသုံးအဆောင် ပစ္စည်းတော်တော်များများကလည်း အပြာရောင်တွေပဲပင်။ဟိုတစ်ခါ မိုးရေထဲမှာသူ့ကိုပေးတဲ့ထီးလေးလည်း အပါအဝင်ပေါ့။ထိုသူကလေ မိုးရာသီကိုလဲနှစ်သက်သည်။မြေသင်းနံ့လေးတွေကိုလဲ သူသဘောကျလေသည်။သို့ပေသည့်ထိုလူသားကလေ မိုးရာသီကိုကြိုက်ပေမယ့် တီကောင်ကိုတော့အရမ်းကြောက်တတ်ရှာသည်။

ပြည့်နှင့်တွေ့မှ သူ့ဘဝလေးကပျော်ရွှင်မှုတွေရလာခဲ့သည်။ပျော်စရာတွေရှိလာခဲ့လေသည်။သူနဲ့ပြည့်နဲ့ကလေ ဒီဆိုင်လေးမှာအတူတူအချိန်ကုန်ဆုံးတာများတော့ ဒီဆိုင်လေးကသူတို့နှစ်ယောက်ရဲ့အမှတ်တရလေးတွေ အများဆုံးရှိသည့်နေရာတစ်ခုဆိုလဲမမှားပေ။ထို့နည်းတူသူလည်း ပြည့်အပေါ်မှာသဘောကျတဲ့စိတ်ကပိုမိုသေချာလာလေသည်။

အခုနေ့လည်းနဂိုအတိုင်း ပြည့်ကorderအတွက် ပန်းစည်းလုပ်နေသည်ပင်။တစ်ခါတလေ orderများရင်နှစ်ယောက်အတူတူလုပ်ရလေသည်။ထိုအချိန်တိုင်း သူ့မှာ ထိုသူ့ကိုခိုးခိုးကြည့်ရတာအမြဲပင်။အခုလည်းဟိန်းထက်ပန်းစည်းလုပ်ရင်း ထိုသူ့အားခဏခဏငေးမောကြည့်နေမိတော့သည်။

"ဟိန်းထက်...ဘယ်တွေအတွေးရောက်နေတာလဲ?..ပန်းတွေမှားထည့်နေပြီလေ"

ပြည့်အားသူငေးကြည့်နေရင်း အတွေးလွန်နေတဲ့အချိန်တွင် ပြည့်ဆီမှစကားသံကြောင့် လက်ထဲကပန်းစည်းအားကြည့်လိုက်မိသည်။ထိုအခါ ပန်းစည်းလုပ်ရမည့်ပန်းများသည် ဘေးနားရှိ အမှိုက်ပုံးထဲရောက်နေကြောင်းတွေ့လိုက်ရလေသည်။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now