Part-31

560 27 34
                                    

Unicode....

ဒီနေ့လပြည့် နဒီ့အိမ်သို့သွားနေခြင်းဖြစ်သည်။အန်တီဥမ္မာဆေးရုံဆင်းပြီးသည့်နောက်ပိုင်း မေမေမှအန်တီဥမ္မာ့အား အာဟာရရှိတာလေးတွေအမြဲချက်ပြုတ်ကာ သူ့အားပို့ခိုင်းသည့်အတွက်အခုတလောအတွင်းမှာ သူနဒီ့အိမ်သို့ချောင်းပေါက်အောင်သွားနေရသည်ပင်။ထိုသို့သွားနေရခြင်းအတွက် သူ့ဆိုင်တောင်လှည့်မကြည့်အားပေ။သို့ပေသည့်ဟိန်းထက်မှ သူအားသည့်အချိန်ဆိုင်ဖွင့်ကာ ဆိုင်ကိုကြည့်ပေးတတ်သည်။ထိုအကြောင်းတွေးမှ သူဟိန်းထက်အပေါ်အခုတလောပြစ်ထားမိတာများနေပြီပင်။သူတို့ခရီးကပြန်လာပြီးကတည်းက ဟိန်းထက်အပေါ်အချိန်သိပ်မပေးဖြစ်ပေ။သို့ပေမယ့် ဟိန်းထက်ကတော့သူ့ကိုနားလည်ပေးပါသည်။သူ့အား ဘယ်တော့မှအပြစ်မရှာတတ်ပေ။

ထိုအတွေးနှင့်အတူလပြည့် နဒီ့အိမ်သို့သွားပြီးရင် ဟိန်းထက်ဆီသို့သွားမည်ဟုကြံရွယ်ထားသည်။

မေမေမှအန်တီဥမ္မာအားပို့ခိုင်းသည့်ချိုင့်အားပို့ပြီးနောက် နဒီနှင့်စကားအနည်းငယ်ပြောပြီးသူဟိန်းထက်ဆီသို့ထွက်လာခဲ့သည်။ညကထိုကောင်လေးက ဒီနေ့ဆိုင်မှာရှိမည်ဟုပြောထားသည့်အတွက် လပြည့်ဆိုင်သို့သာကားလေးကိုဦးတည်လိုက်သည်။

ဆိုင်သို့ရောက်သောအခါ ကားလေးအားထိုးလိုက်ပြီးနောက် သူဆိုင်ရှေ့တွင်ခဏရပ်ကြည့်နေမိသည်။

သူဆိုင်ကိုမရောက်ဖြစ်တာတောင်အတော်ကြာပြီ။တကယ့်ကို သူဝါသနာပါရာအလုပ်ကိုပြစ်ပြစ်ခါခါထားမိတာဘဲ။ထိုသို့ဆိုင်အားကြည့်ကာတွေးနေတုန်း သူ၏အကြည့်အာရုံထဲကိုလူတစ်ယောက်၏ပုံရိပ်ကဖမ်းစားသွားလေသည်။ထိုသူသည် ဆိုင်ထဲတွင်ခေါင်းကိုငုံကာ orderမှာထားပုံရသည့် ပန်းစည်းအားလုပ်နေလေသည်။ထိုသူသည်ကား ဟိန်းထက်ပင်။သူအထဲသို့မဝင်သေးဘဲအပြင်ကနေသာ ဟိန်းထက်အားငေးကြည့်နေမိသည်။

"မောင်က...တကယ့်ကိုကြည့်ကောင်းတာဘဲ"

လပြည့်ထိုစကားအား မထင်မှတ်ဘဲပြောထွက်သွားခြင်းပင်။ပြီးနောက်မှ သူဘာပြောလိုက်မှန်းအသိဝင်လာသည့်အတွက် အနည်းငယ်ပြုံးမိကာ ခေါင်းရမ်းမိလေသည််။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Onde histórias criam vida. Descubra agora