Part-13

529 38 6
                                    

Unicode....

လပြည့် ဒီနေ့ဆိုင်ထဲမှာorderအတွက်လုပ်နေရင်း ဆိုင်ထဲလူဝင်လာလို့လှည့်ကြည့်လိုက်သည့်အခါ ထိုကောင်လေးဖြစ်နေ၍သူ့မှာအံ့သြသွားရသည်။ဒီတစ်ခါတော့ထိုကောင်လေးက ပြုံးရွှင်နေသောမျက်နှာနှင့်လာခြင်းပင်။

ထိုကောင်လေးနှင့်စကားအနည်းငယ်ပြောနေရင်း သူပန်းမှာနေကြကားလေးက ဆိုင်ကိုဆိုက်ရောက်သည့်အတွက် သူ့မှာထိုကောင်လေးကိုခဏစောင့်ရန်ပြောရလေသည်။ပြီးတော့သူပြန်ဝင်လာပြီးနောက် သူတို့နှစ်ယောက်သူ့အလုပ်အကြောင်းပြောဖြစ်ကြလေသည်။ထိုအခါသူလူငှားဖို့စဥ်းစားထားကြောင်းပြောမိတော့ ထိုကောင်လေးမှသူလာလုပ်၍ရမလားဟုမေးလာလေသည်။

"အစ်ကို ကျွန်တော်လာလုပ်လို့ရမလားလို့"

လပြည့်ဘက်မှတိတ်ဆိတ်နေကြောင်းမြင်လိုက်ရသည့်အခါ ဟိန်းထက်ထပ်ကြိုးစား၍ပြောမိသည်။

"ဟို..ကျွန်တော်က တက္ကသိုလ်တက်နေတာဆိုတော့ အပိုဝင်ငွေလေးရအောင်လို့ပါ။ပြီးတော့ အစ်ကို့အတွက်လဲအဆင်ပြေသွားတာပေါ့။"

ဟိန်းထက်၏အပြောအား လပြည့်စဥ်းစားမိလေသည်။ထိုကောင်လေးပြောသလိုပင် သူ့အတွက်လဲအကူရသလို ထိုကောင်လေးအတွက်လဲအပိုဝင်ငွေရပေမည်။ထို့အတွက်လပြည့်လက်ခံလိုက်သည်။

"ဒါဆိုလဲ ကောင်းပြီလေ။ငါမင်းကို ခန့်လိုက်မယ်။"

လပြည့်၏ပြောစကားကြောင့် ဟိန်းထက်အလွန်ပျော်ရွှင်မိသွားသည်။

"အစ်ကို...အစ်ကိုတကယ်ပြောတာနော်"

"အင်း..တကယ်ပြောတာပေါ့"

လပြည့်ထိုကောင်လေးအား ပြန်လည်ဖြေကြားရင်းစိတ်ထဲ၌တွေးမိလေသည်။

ဘယ်လိုကောင်လေးတုန်းဟ ဒါလေးခွင့်ပြုလိုက်တာကို ဒီလောက်တောင်ပျော်နေတယ် တကယ်ကလေးလိုပဲ.....

"အဲ့တော့ အချိန်တွေပြောရအုံးမယ်။ဆိုင်က မနက်ဆို၈နာရီကနေ ၁၁ခွဲထိဖွင့်တယ်၊ညနေဆို၃နာရီကနေ ၆ခွဲထိဖွင့်တယ်။မင်းဘယ်အချိန်တွေအားတာလဲ?"

"ကျွန်တော်ကကျောင်းတစ်ဖက်နဲ့ဆိုတော့ ဖွင့်ရက်တွေမှာအားတဲ့အချိန်လာပေးပါမယ်။ပိတ်ရက်၂ရက်လုံးကိုတော့ ကျွန်တော်ဆိုင်ထိုင်ပေးမှာပဲနေမှာပါ။အဲ့တာ...အစ်ကို့အတွက်အဆင်ပြေပါ့မလား?"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now